1. Home
  2. International News

မယ်စကြဝဠာပြိုင်ပွဲဝင် ထိုင်းအလှမယ်ရဲ့ ဝတ်စုံကို ဝေဖန်မှုကြောင့် YouTube Star တရားစွဲခံရ

International News ธ.ค. 20, 2561 view 1,770

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မယ်စကြဝဠာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ထိုင်းနိုင်ငံကိုယ်စားပြုအလှမယ်၏ ဝတ်စုံအား “ရုပ်ဆိုး” လိုက်တာဟု ဝေဖန်ပြောဆိုခဲ့တာကြောင့် ထိုင်းယူကျူ့စတား Wancjaleom Jamneanphol ကို တော်ဝင်မင်းမျိုးမင်းနွယ်များအား ပုတ်ခတ်ဝေဖန်မှုဖြင့် အရေးယူထားသည်။


မယ်စကြဝဠာပြိုင်ပွဲတွင် ထိုင်းအလှမယ် Sophida Kanchanarin ဝတ်ဆင်ခဲ့သော အပြာရောင်ဝတ်စုံကို Wancjaleom Jamneanphol ကဝေဖန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဝတ်စုံမှာ ထိုင်းဘုရင်မင်းမြတ်၏ သမီးတော် Sirivannavari Nariratana ဖန်တီးခဲ့သော ဒီဇိုင်းဖြစ်တာကြောင့် တရားစွဲခံရခြင်းဖြစ်သည်။


အသက် ၃၁ နှစ်အရွယ် မင်းသမီး Sirivannavari Nariratana ဟာ ထိုင်းဘုရင်မင်းမြတ် Vajiralongkorn ရဲ့ ၅ ယောက်မြောက် အငယ်ဆုံး သမီးတော်ဖြစ်ပြီး အဝတ်အထည်၊ အနုပညာနဲ့ ဖက်ရှင်ဒီဇိုင်းပညာရပ်တို့ကို  ချူလာလောင်ကောင်း တက္ကသိုလ်မှာ သင်ကြားခဲ့သူလည်းဖြစ်ပါတယ်။ ပဲရစ် နဲ့ ဘန်ကောက်မြို့တို့မှာ သူမရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေကို ပြသတဲ့ ဖက်ရှင်ရှိုးတွေ ပြုလုပ်ခဲ့ပြီး “Sirivannavari” ဆိုတဲ့ အမှတ်တံဆိပ် ပိုင်ရှင်လည်းဖြစ်ပါတယ်။ ပဲရစ်မှာ ပြုလုပ်တဲ့ ဖက်ရှင်ဝိခ်” ဆိုတဲ့ အမှတ်တံဆိပ် ပိုင်ရှင်လည်းဖြစ်ပါတယ်။ ပဲရစ်မှာ ပြုလုပ်တဲ့ ဖက်ရှင်ဝိခ်တွေမှာလည်း ပုံမှန်ပါဝင် ပြသနေတဲ့ ဒီဇိုင်နာဖြစ်ပါတယ်။


ထိုင်းနိုင်ငံ ဧရာမသန်းကြွယ်သူဌေးကြီးက ယူကျူ့စတား(YouTube) Jamneanphol ဟာ ပေါက်လွတ်ပဲစား ပြောဆိုသည်ဟု ဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဂါးဒီယန်းသတင်းစာရဲ့အဆိုအရ ယူကျူ့စတား ဟာ အဆိုပါ ပိုစ့်ကို လူမှုကွန်ယက်ပေါ်ကနေ ပြန်လည်ဖြုတ်ချခဲ့ပြီး တောင်းပန်ကြောင်း၊ တော်ဝင်မိသားစုအား မလေးမစားလုပ်လိုသော ရည်ရွယ်ချက်မရှိကြောင်း တင်ထားခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ ပြဌါန်းချက် ၁၁၂ မှာ တော်ဝင်မိသားစုကို မလေးမစား စော်ကားသည့် အပြုအမူကျူးလွန်သူဟာ ပြစ်မှုတစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်နဲ့အထက် ကျခံရမည်ဖြစ်သည်။



Follow us on