ဒီဇင်ဘာ ၂၂ ရက်နေ့ (စနေနေ့) က အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီ ရေလှိုင်းကြီးများကြောင့် အနည်းဆုံး လူ ၂၂၂ ဦး သေဆုံးခဲ့ရပြီး အဆိုပါ ဆူနာမီရေလှိုင်းကြီးများဟာ ငလျှင်လှုပ်ခြင်းကြောင့်မဟုတ်ပဲ ရုတ်တရက်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ဆူနာမီဖြစ်ပေါ်ခဲ့သော နေရာအနီးနားရှိ မီးတောင်တစ်ခု ရေအောက်တွင် ပေါက်ကွဲခဲ့မှုကြောင့် ရေလှိုင်းကြီးများဖြစ်ပေါ်က ကမ်းစပ်ဆီကို အရှိန်နဲ့ ပြေးဝင်ခဲ့ခြင်းဖြစ်သည်။
ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရုတ်တရက်ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းများကြောင့် ဂျာဗားနဲ့ ဆူမားထရားကျွန်းများပေါ်တွင် အနားယူ အပမ်းဖြေနေသူ ရာနဲ့ချီပြီး ထိခိုက်ဒဏ်ရာရသေဆုံးခဲ့ရသည်။ Anak Karakatau မီးတောင်ဟာ ဒီဇင်ဘာလ အစောပိုင်းထဲက မီးခိုးငွေ့များ အူထွက်နေခဲ့ပေမယ့် အန္တရာယ်ဖြစ်နိုင်လောက်တဲ့ အရိပ်အခြေမပြတာကြောင့် သတိပေးနှိုးဆော်မှုတွေ မလုပ်ထားတဲ့အချိန်မှာ ရုတ်တရက် ဆူနာမီရေလှိုင်းကြီးတွေဖြစ်လာပြီး လူပေါင်း ရာနဲ့ချီသေဆုံးမှုဖြစ်ခဲ့ရတာဖြစ်ပါတယ်။
ယခုဆူနာမီဟာ အင်ဒိုနီးရှားအတွက် လအနည်းငယ်အတွင်း ဒုတိယအကြိမ်မြောက် အကြီးအကျယ် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ပြီဂခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ငလျှင်လှုပ်ခဲ့မဒှကြောင့် ဆူနာမီရေလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့ပြီး ပါလုမြို့ကို ထိခိုက်ခဲ့ပြီး လူပေါင်း ၂၀၀၀ ဝန်းကျင် သေဆုံးခဲ့ရပါတယ်။
ဆူနာမီဟာ နင်ဒိုနီးရှားကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ Pandeglang ၊ Serang နဲ့ South Lampung တို့ကို ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ အနည်းဆုံး ၈၄၃ ဦး ဒဏ်ရာရခဲ့ပြီး ၂၂၂ ဦး သေဆုံးခဲ့ပါတယ်။ ပျောက်ဆုံးနေသေးတဲ့သူတွေရှိသေးတာကြောင့် နောက်ထပ် အရေအတွက် မြင့်လာဖို့ရှိနေပါတယ်။