ထိုင်းနိုင်ငံ လန်ပန်းစီရင်စုတွင် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ညက တက္ကသိုလ်ကျောင်းသူတစ်ဦးနဲ့ ကလပ်မှ လုံခြုံရေးတစ်ဦးတို့အား ရဉ်းစားဟောင်းဖြစ်သူ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကိုယ်သူလည်း သေနတ်နဲ့ပစ်ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
Damrongchai Monotham (၃၉ နှစ်) က သူ၏ ရည်းစားဟောင်းဖြစ်သူ တက္ကသိုလ်ကျောင်းသူ Boonyaporn Kantalah (၂၁ နှစ်) နဲ့ ကလပ်လုံခြုံရေး Weerapong Morpa (၂၈ နှစ်) တို့ကို ကလပ်ဝင်ပေါက် လမ်းမဘေးတွင် သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ Damrongchai ဟာ အရက်မူးနေခဲ့ပြီး ကလပ်ထဲသို့ဝင်ရောက်ကာ ရည်းစားဟောင်းဖြစ်သူ Boonyaporn ၏ လက်မောင်းကို တင်းတင်းကိုင်ဆွဲကာ အပြင်သို့ အတင်းအကြပ် ခေါ်ဆောင်လာခဲ့သည်။ ထိုအချိန်က Boonyaporn က သူမရဲ့ သူငယ်ချင်း နှစ်ဦးနဲ့အတူ ကလပ်ထဲမှာ ရှိနေခဲ့ချိန်ဖြစ်သည်။ Damrongchai က သေနတ်ကို ဆွဲထုတ်ကာ သူတို့ကိစ္စကို မည်သူမှဝင်မပါရန် ကလပ်ထဲက လူများကို ခြိမ်းခြောက်ခဲ့သည်။
တက္ကသိုလ်ကျောင်းသူက ရည်းစားဟောင်းကို တားမြစ်ရန်ကြိုးစားချိန်တွင် သူကို သေနတ်နဲ့ ပြန်ချိန်ခဲ့ပြီး ကလပ်အပြင်သို့ ဆွဲခေါ်တာကြောင့် Weerapong Morpa အပါအဝင် လုံခြုံရေး ၄ ဦးက သူမကို ကူညီနိုင်ရန် နောက်ကနေလိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။
မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီးတစ်ယောက် အငြင်းပွားကြရင်း ကလပ်ထဲက ထွက်လာတာကို တွေ့ခဲ့ရပြီး မကြာမီမှာ သေနတ်သံများ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
Damrongchai က လုံခြုံရေးဝန်ထမ်း Weerapong Morpa ကို အရင်ပစ်ခဲ့ပြီး၊ ရည်းစားဟောင်းဖြစ်တဲ့ Boonyaporn ကို သေနတ်နဲ့ ပစ်ခဲ့ပြီး နောက်ဆုံးကျန်သည့် ကျည်ဆံဖြင့် သူ့ကိုယ်သူပစ်ကာ အဆုံးစီရင်သွားခဲ့ပါတယ်။
ရဲအဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ သူတို့နှစ်ဦး လမ်းခွဲပြီးနောက်ပိုင်း Damrongchai က ပြန်လည်တွဲရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် Boonyaporn က လုံးဝ ဥပေက္ခာပြုထားတဲ့အတွက် သူ့ရဲ့ ချစ်စိတ်ကနေ ဒေါသအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။
အချင်းဖြစ်မယ့်နေက Boonyaporn က သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ ကလပ်သွားမယ့်အကြောင်း တင်ထားခဲ့တာကို Damrongchai က တွေ့သွားခဲ့ပြီး အရက်မူးရူးပြီးနောက် လိုက်လာကာ အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။