1. Home
  2. International News

အိမ်နီးချင်းအခန်းကို ဓါးနဲ့တိုက်ခိုက်သူ အမျိုးသမီးကြီး ကျင်စက်သေနတ်နဲ့ ပစ်ဖမ်းခံရ (ရုပ်သံ)

International News ธ.ค. 27, 2561 view 1,902

စင်ကာပူနိုင်ငံက အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက အိမ်နီးနားချင်းဖြစ်သူကို ခြိမ်းခြောက်ကာ နေအိမ်အခန်းကို အသားခုတ်ဓါးမနဲ့ လျှောက်ခုတ် ဖျက်ဆီးခဲ့တာကြောင့် စင်ကာပူရဲအဖွဲ့က ကျင်စက်သေနတ်နဲ့ ပစ်ဖမ်းရတဲ့ထိ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်က စီရန်ဂူးရပ်ကွက် တိုက်အမှတ် ၁၅၇ မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သူမ၏ နေအိမ်တွင် ခရစ္စမတ်နေ့ ကျင်းပနေပြီး ညဥ့်နက်သန်းခေါင်ကျော်ထိ ဆူညံနေတာကြောင့် ဘေးကပ်လျှက်အခန်းက သွားရောက် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆူညံသံက လျော့မသွားတာကြောင့် အိမ်နီးချင်းဖြစ်သူက ရဲကိုအကြောင်းကြားခဲ့ပါတယ်။

ဒီကိစ္စကို မကျေနပ်ပဲ အသားခုတ်ဓါးမ ဆွဲကိုင်ကာ အိမ်နီးနားချင်းအခန်းကို အပြင်ကနေ လျှောက်ခုတ်ဖျက်ဆီးနေချိန်မှာ ရဲတွေရောက်လာပြီး အညံ့ခံဖို့ပြောပေမယ့် လက်မလျော့တာကြောင့် လျှပ်စစ်သေနတ်နဲ့ ပစ်ဖမ်းခဲ့ရတာပါ။

အဆိုပါဖြစ်စဉ်ရုပ်သံကို တိုက်ခိုက်ခံခဲ့ရတဲ့ အိမ်နီးချင်းက ရိုက်ကူးထားခဲ့ပါတယ်။ ရုပ်သံမှာ ဓါးနဲ့ လျှောက်ခုတ်နေတာတွေအပါအဝင် ရဲကိုအော်ဟစ်ပြောဆိုခဲ့ပြီး ရဲတစ်ဦးက အကာအကွယ်နဲ့ သူမအနားသို့ တိုးကပ်သွားပြီး သတိထားကာ ဖမ်းဆီးခဲ့တာကိုတွေ့ရပါတယ်။ အခြားအိမ်နားနီးခြင်း အမျိုးသားတစ်ယောက်ရောက်လာပြီး အမျိုးသမီးကြီးကို ချော့မော့ဖြောင့်ဖျနေတာကိုလည်း တွေ့ရပါတယ်။


အမျိုးသမီးကြီးကို ရှေးဦးစွာ ဆန်ကန်းအထွေထွေဆေးရုံကြီးကိုခေါ်ဆောင်ပြီး ကျင်စက်သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဆေးစစ်ခဲ့ရာ ပြောပလောက်သည့် ဒဏ်ရာမရခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါနေ့မှာပင် ရဲစခန်းက သူမကို အာမခံနဲ့ ပြန်လည်လွှတ်ပေးခဲ့သည်။

စင်ကာပူနိုင်ငံမှာ မည့်သည့်အကြောင်းပြချက်နှင့်မျှ မည့်သည့်အချိန်တွင်မဆို ဆူညံမှုပြုလုပ်ခွင့်မရှိပါ။ ပတ်ဝန်းကျင်က မခံသာ၍ ရဲတိုင်ကြားတဲ့အခါ အရေးယူခံရမှာဖြစ်ပါတယ်။



Follow us on