1. Home
  2. International News

နှစ်သစ်ကူးညမှာ မိဘနှစ်ပါးကို တူနဲ့ထုသတ်ခဲ့တဲ့ ၁၃ နှစ် ကလေးကို ရဲအဖွဲ့ရှာဖွေ

International News ม.ค. 03, 2562 view 1,557

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ မိဘနှစ်ပါးစလုံးကို သံရိုက်တူဖြင့် ရိုက်သတ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦးကို တရုပ်ရဲအဖွဲ့က ရှာဖွေလျှက်ရှိသည်။


တရုပ်နိုင်ငံအလယ်ပိုင်း ဟန်ဂန်းမြို့မှာ ဖြစ်ပွားခဲ့ပြီး “လောင်ဖန်း” အသက် ၁၃ နှစ်က ဖခင်ဖြစ်သူ “လောင်ဂျီချန်း” ၅၁ နှစ်၊ မိခင်ဖြစ်သူ “တန်ဂျင်ဟွာ” ၄၅ နှစ်တို့အား နှစ်သစ်ကူးအကြိုညက သံရိုက်တူဖြင့် ထုရိုက်ခဲ့ခြင်းဖြစ်သည်။

အဖြစ်ပျက်အားလုံးကို “လောင်” ၏ အစ်မဖြစ်သူက တွေ့ခဲ့ပြီး ဆွေမျိုးများကို အကူညီတောင်းကာ ရဲကိုအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ မိခင်နဲ့ အစ်မဖြစ်သူ နှစ်ဦးစလုံးက “လောင်” ဟာ စိတ်ကစဥ့်ကလျား ရောဂါခံစားနေရသူဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။


ရဲများရောက်ရှိလာပြီး သိပ်မကြာမီမှာပင် ထုဖြင့်ရိုက်ခံထားရသော လင်မယားနှစ်ဦးစလုံး ပြင်းထန်သောဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ကြသည်။ “လောင်ဖန်း” မှာ အရပ် ၁.၆၃ မီတာရှိပြီး သူကို့ အစိမ်းနုရောင် ဂျက်ကတ်ဝတ်ဆင်လျှက် ဆန်တန်မြို့ရှိ အင်တာနက်ဆိုင်မှာ နောက်ဆုံးတွေ့ခဲ့ရကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ ရဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“လောင်ဖန်း” ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးနိုင်သူ ဒါမှမဟုတ် ဖမ်းဆီးခေါ်ဆောင်လာနိုင်သူအား တရုပ်ယွမ်ငွေ ၁၀,၀၀၀ ချီးမြှင့်မည်ဟု ဆုငွေထုတ်ထားသည်။


ဒါဟာ တရုပ်နိုင်ငံမှာ တစ်လအတွင်း ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ မိဘကို သားသမီးက ပြန်သတ်တဲ့ အမှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က မိခင်ဖြစ်သူကို ဓါးနဲ့ ထိုးကာ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။



Follow us on