1. Home
  2. International News

မြို့တော်ဝန်အဖြစ် တာဝန်ယူပြီး နာရီပိုင်းအတွင်း မက္ကဆီကန်မြို့တော်ဝန် လုပ်ကြံခံရ

International News ม.ค. 03, 2562 view 1,446

မက္ကဆီကိုနိုင်ငံ အိုဟာကာပြည်နယ်မှ မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်ခံရပြီး တာဝန်ထမ်းဆောင်မည့် ပထမဦးဆုံးနေ့တွင် နာရီပိုင်းအတွင်း သေနတ်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် မြို့တော်ဝန် Alejandro Aparicio Santiago လုပ်ကြံခံခဲ့ရသည်။


Aparicio ဟာ သူ့ရဲ့ ပထမဦးဆုံး အစည်းအဝေးအတွက် တလာဟီရာကို မြို့တော်ခန်းမသို့ သွားစဉ် လမ်းတွင် သေနတ်သမားတစ်စုက လုပ်ကြံပစ်ခတ်ခဲ့ပြီးနောက် ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့ပါတယ်။ သူနဲ့အတူ ကားပေါ်ပါလာသူ ၄ ဦးလည်း သေနတ်ဒဏ်ရာများရရှိခဲ့ပါတယ်။

လုပ်ကြံခံရမှုအတွက် အိုဟာကာပြည်နယ်အစိုးရက ဇန်နဝါရီ ၁ ရက်နေ့မှာ လူမှုကွန်ယက် တွစ်တာပေါ်ကနေ ပြင်ထန်စွာရှုံ့ချခဲ့ပြီး ဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။


Aparicio ဟာ မက္ကစီကို သမ္မတ Andres Manuel Lopez Obrador ၏ လက်ဝဲပါတီမှ ဖြစ်ပြီး အစိုးရ၏ အမျိုးသားရေးပြန်လည်ရှင်သန်လာရန် လှုပ်ရှားမှု MORENA အဖွဲ့ဝင်လည်းဖြစ်သည်။ မက္ကစီကိုတွင် နိုင်ငံရေးသမားများနဲ့ နိုင်ငံရေးလှုပ်ရှားသူများဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း၊ လုပ်ကြံခံရခြင်း၊ ပြန်ပေးစွဲခံရခြင်းတို့နဲ့ တွေ့ကြုံနေကြရပါတယ်။

စစ်တမ်းကောက်ယူချက်အရ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ သြဂုတ်လထိ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံရေးသမားပေါင်း ၁၇၅ ဦးရှိခဲ့ပါတယ်။  နောက်ထပ် ၃၀၀ လောက်ကတော့ ခြိမ်းခြောက်မှုတွေ ပြန်ပေူဆွဲခံရမှုတွေခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ မက္ကစီကိုနိုင်ငံဟာ နိုင်ငံတစ်ကာမှာ ရာဇဝတ်မှုအများဆုံးနိုင်ငံစာရင်းဝင်လာပြီး ရာဇဝတ်မှုအရေအတွက် မြင့်တက်လာပြီး တစ်နှစ်အတွင်း လူသတ်မှုပေါင်း ၂၉,၀၀၀ ရှိနေခဲ့ပါတယ်။



Follow us on