1. Home
  2. International News

နယူးယော့ခ်မြို့ထက် ၅ ဆကြီးသည့် တရုပ်အင်တန်နာ ကင်ဆာအန္တရာယ်ခြိမ်းခြောက်

International News ม.ค. 07, 2562 view 1,623

တရုပ်နိုင်ငံတွင် နယူးယော့ခ်မြို့ထက် ၅ ဆ ကြီးမားကျယ်ပြန့်မည့် ဧရာမအင်တန်နာကြီးတစ်ခု တည်ဆောက်ရေး ပရောဂျက်ပြီးစီးတော့မည်ဖြစ်ပြီး အဆိုပါ အင်တင်နာကြောင့် ကင်ဆာရောဂါအန္တရာယ် ခြိမ်းခြောက်မှုရှိကြောင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။


သုတေသနသိပ္ပံပညာရှင်များဟာ အဆိုပါ အင်တန်နာကြီးကို ၁၃ နှစ်ကြာတည်ဆောက်ခဲ့ကြပြီး အလွန်တိုတောင်းသော လေလှိုင်း(ELF)ဖြင့် ထုတ်လွှင့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ အဆိုပါ လှိုင်းမှာ ကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ကင်ဆာသုတေသန အေဂျင်စီမှ ပြောကြားခဲ့သည်။

အဆိုပါ ပရောဂျက်မှာ မြေငလျှင်နဲ့ တွင်းထွက်သတ္တုထောက်လှမ်းရေးအပြင် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်းများကို နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ထုတ်လွှင့်နေသော လှိုင်းများကို ပင်လယ်ရေအောက် မီတာရာနဲ့ချီသော နေရာမှာ ရှိနေသည့် ရေငုတ်သင်္ဘောများပင် ဖမ်းယူနိုင်တာကြောင့် ရေငုတ်သင်္ဘောတွေ ရေပ်ါပြန်တက်ကာ အသံလှိုင်းဖမ်းယူရသော ဒုက္ခလည်း ကင်းစေမည်ဖြစ်သည်။

၂၀၀၉ ခုနှစ်က တည်ဆောက်ခဲ့သည့် စစ်သုံးလှိုင်းတို ထုတ်လွှင့်မှုကို အခြေခံပြီး ထပ်ဆင့် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ လှိုင်းတို နည်းပညာကြောင့် လာမည့်နှစ်မှာ တရုပ်ရေငုတ်သင်္ဘောဆက်သွယ်ရေး စနစ်က အမေရိကန်နဲ့ ရုရှားတို့ပြီးလျှင် ကမ္ဘာမှာ တတိယနေရာကို ရောက်လာမည်ဖြစ်သည်။



Follow us on