1. Home
  2. International News

ဆော်ဒီအမျိုးသမီးအား နေရပ်သို့ပြန်မပို့ဟု ထိုင်းအာဏာပိုင်များကတိပေး (ရုပ်သံ)

International News ม.ค. 08, 2562 view 1,495

ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရှိ လေဆိပ်ဟိုတယ်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးက ထိန်းသိမ်းထားသော ဆော်ဒီမိန်းကလေးအား သူမ၏သဘောဆန္ဒမပါပဲ နေရပ်သို့ ပြန်မပို့တော့ပဲ လုံခြုံစိတ်ချရသည့်နေရာတွင် ထားပေးမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ကတိပြုခဲ့ကြသည်။


အသက် ၁၈ နှစ်အရွယ် “Qunun” ဆိုသူ မိန်းကလေးမှာ ဆော်ဒီနိုင်ငံရှိ မိသားစု၏ ညှင်းပမ်းနှိပ်စက်မှုကြောင့် သြစတြေးလျားနိုင်ငံသို့ တစ်ယောက်ထဲ ထွက်ပြေးလာရာ ထိုင်းနိုင်ငံတွင် လေယာဉ်ပြောင်းစဉ် လူဝင်မှုကြီးကြပ်ရေးမှ အထောက်အထားမပြည့်စုံသဖြင့် ပြည်ဝင်ခွင့်မပေးပဲ ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။


သူမထိန်းသိမ်းခံထားရစဉ် လူမှုကွန်ယက်တွစ်တာမှတစ်ဆင့် ရုပ်သံတိုက်ရိုက်လွှင့်ကာ သူမကို ပြန်ပို့ပါက ထောင်ကျခံရမည်ဖြစ်ပြီး ပြန်လွတ်လာပါက မိသားစုရဲ့ သတ်ဖြတ်မှုကို ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါရုပ်သံပျံ့နှံ့ခဲ့ပြီး နိုင်ငံတစ်ကာလူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့များက ထိုင်းအာဏာပိုင်များကို နေရပ်ပြန်မပို့ရန် တိုက်တွန်းခဲ့ကြသည်။


သို့သော် သူမကို စီစဉ်ထားသည့်အတိုင်း ဇန်နဝါရီ ၇ ရက် တနင်္လာနေ့က ဆော်ဒီသို့ ပြန်ပို့ရန် ထိုင်းအာဏာပိုင်များက စီစဉ်ခဲ့သည်။ လေယာဉ်ပေါ်သို့ တက်ရန် ခေါ်ဆောင်ရာတွင် သူမက လေဆိပ်ဟိုတယ်အခန်းတွင်းသို့ မည်သူမျှမဝင်နိုင်ရန် မွေ့ယာများနဲ့ ပိတ်ဆို့ ထားခဲပြီး အလွန်ကြောက်ရွံ့နေခဲ့သည်။


ထိုင်းနိုင်ငံရှိ ယူအန်နိုင်ငံရေးခိုလှုံခွင့် အေဂျင်စီက သူမနဲ့တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုနောက် အကယ်၍သူမကို ပြန်ပို့ခဲ့ပါက သူမကို သေတ်ခံဖို့ စေလွှတ်တာနဲ့ အတူတူဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကို ပြောဆိုဆွေးနွေးခဲ့ကြပြီးနောက် ထိုင်းအာဏာပိုင်များက သူမ၏သဘောဆန္ဒမပါပဲ နေရပ်သို့ ပြန်မလွှတ်တော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး သူမကို လုံခြုံစိတ်ချရသောနေရာတွင် ထားရှ်သွားမည်ဟု ယူအန်အေဂျင်စီကို ကတိပြုခဲ့ကြောင်း သတင်းရရှိသည်။



Follow us on