1. Home
  2. International News

MMA ကစားသမားကိုမှ ဓါးပြသွားတိုက်မိတဲ့ အဖြစ်ဆိုး

International News ม.ค. 08, 2562 view 1,857

ဘရားဇီးနိုင်ငံသူ အမျိုးသမီး MMA သိုင်းပေါင်းစုံ ကစားသမားတစ်ဦးက သူမကို သေနတ်နဲ့ ဓါးပြတိုက်ဖို့ ကြိုးစားခဲ့တဲ့သူကို ကြိုးဝိုင်းထဲမှာလို လက်စွမ်းပြပြီးနောက် ဖမ်းဆီးကာ ရဲလက်သို့ အပ်ခဲ့ပါတယ်။


‘The Iron Lady’ လို့ လူသိများတဲ့ အသက် ၂၆ နှစ်အရွယ် MMA ကစားသမား “Polyana Viana” ဟာ ဇန်နဝါရီလ ၅ ရက်နေ့က သူမရဲ့ နေအိမ်တိုက်ခန်းအောက်မှာ တက္ကစီကား စောင့်နေစဉ်  လူတစ်ယောက်ရောက်လာပြီး သူ့အိတ်ထဲမှာ သေနတ်ရှိကြောင်း သူမရဲ့ဖုန်းကို အသာတကြည်ပေးရန် ဓါးပြတိုက်ခဲ့ပါတယ်။


အဲဒီနောက် သေနတ်ကို ထုတ်ချိန်စဉ် သေနတ်က အတုဖြစ်နေကြာင်း ရိပ်မိသွားပြီး ခြေမြန်လက်မြန်ရှိလှတဲ့ သူမက ဓါးပြရဲ့ မျက်နှာကို လက်သီးနဲ့ ဆင့်ထိုးပြီး နောက်ဆုံးမှာ လည်ပင်းကိုချုပ်တဲ့နည်းနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ရဲတွေကိုအကြောင်းကြားပြီး ရဲလက်အပ်ခဲ့ပါတယ်။ ရဲတွေက ရှာဖွေတဲ့အခါမှာ ဓါးပြလုပ်သူရဲ့ လက်ထဲမှာ ကတ်တူစက္ကူနဲ့ သေနတ်ပုံစံလုပ်ထားတဲ့ သေနတ်တုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။



Follow us on