1. Home
  2. International News

ဆေးကြောင်ပြီး အိမ်ထဲဝင်ကာ အသက် ၄ နှစ်နဲ့ ၁ နှစ်အရွယ် ကလေးနှစ်ဦးကို လည်လှီးသတ်

International News ม.ค. 09, 2562 view 1,680

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးကြောင်နေတဲ့ အမျိုးသားတစ်ဦးဟာ နီးစပ်ရာ နေအိမ်တစ်လုံးထဲသို့ ဖောက်ထွင်းဝင်ခဲ့ပြီး အခန်းထဲတွင် အိပ်ပျော်နေသော အသက် ၄ နှစ်အရွယ်နှင့် ၁ နှစ်အရွယ် မောင်နှမ နှစ်ဦးကို ဓါးနဲ့လည်လှီးသတ်ကာ ထွက်ပြေးခဲ့မှု ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည်။


ည ၁၁ နာရီခွဲအချိန်ခန့်တွင် ကလေးနှစ်ဦးဖြစ်သော Mohd Eshahafi (၁ နှစ်)၊ Nuluhanin (၄ နှစ်) တို့နဲ့အတူ မိခင်ဖြစ်သူ Nohas Lavati (၃၇ နှစ်) တို့ အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ်  လူတစ်ယောက် ဝင်လာပြီး အားလုံးကို သတ်ဖြတ်ရန် ကြိုးစားခဲ့ရာ ကလေးနှစ်ဦး သတ်ခံခဲ့ရပြီး မိခင်ဖြစ်သူက သီသီလေးလွတ်မြောက်ခဲ့ပြီးနောက် အော်ဟစ်အကူအညီတောင်းတာကြောင့် လူသတ်သမားမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။


အဆိုပါနေအိမ်မှာ နှစ်ထပ်အိမ်ဖြစ်ပြီး မိသားစု ၇ ဦးနေထိုင်ကြသည်။ အခင်းဖြစ်ပွားသည့် သက်ကြီးရွယ်အိုများသာ အိမ်တွင်ရှိပြီး ကလေးများ၏ ဖခင်ဖြစ်သူမှာ ပင်လယ်တွင် ငါးဖမ်းအလုပ်လုပ်ကိုင်နေကြောင်း သိရှိရသည်။ ကလေးများမှာ နေရာတင် သွေးအိုင်ထဲမှာ သေဆုံးသွားခဲ့သည်။


တရားခံကိုမူ အခင်ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် သူ၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မူယစ်ဆေးဝါးများ သုံးစွဲထားကြောင်း တွေ့ရှိခဲ့ရသည်။ တရားခံကို ဖမ်းဆီးထိမ်းသိမ်းထားပြီးနောက် လူသတ်မှု ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။



Follow us on