1. Home
  2. International News

ပိုလန်နိုင်ငံ မြို့တော်ဝန် ရံပုံငွေပွဲစင်မြင့်ပေါ်တွင် ဓားနဲ့ထိုးလုပ်ကြံခံရ (ရုပ်သံ)

International News ม.ค. 15, 2562 view 1,559
ပိုလန်နိုင်ငံ “ဒန့်စ်ခ် (Gdansk)” မြို့၏ မြို့တော်ဝန် “Paweł Adamowicz” သည် ရံပုံငွေဖျော်ဖြေပွဲစင်မြင့်ပေါ်တွင် ပရိသတ်များအား စကားပြောကြားနေစဉ် လူတစ်ဦးက စင်ပေါ်သို့တက်လာပြီး ဓါးနဲ့ထိုးကာ လုပ်ကြံခဲ့သည်။ မြို့တော်ဝန်ဟာ ခဏအကြာမှာပဲ ဓါးဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
 
 
ဇန်နဝါရီ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ရံပုံငွေပွဲတွင် မြို့တော်ဝန်က စကားပြောကြားနေစဉ် ထောင်နဲ့ချီသော ပရိသတ်ကြီးရဲ့ ရှေ့မှဦပင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အသက် ၅၃ နှစ်အရွယ်ရှိပြီဖြစ်သော မြို့တော်ဝန်ကို သူ့ရဲ့သက်တော်စောင့်များက အရေးပေါ်အသက်ကယ်နည်းတွေသုံးပြီး ဆေးရုံကို အရေးပေါ်ပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်ပြီး သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီး “Lukasz Szumowski” က အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။
 
မြို့တော်ဝန်ကို ဓားနဲ့ထိုးခဲ့သူက စင်ပေါ်ရှိ မိုက်ကရိုဖုန်းကို ယူပြီး သူဟာ မှားယွင်းထောင်ချခံခဲ့ရဖူးသူဖြစ်ကြောင်း ပရိသတ်ကို ပြောကြားပြီး ဓားကိုင်ထားသော လက်ကို လေထဲမြှောက်ပြခဲ့သည်။
ရဲများက တရားခံကို ဖမ်းဆီး ထိမ်းသိန်းထားပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ မြို့တော်ဝန်လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အစိုးရဝန်ကြီးတွေက ယင်းလုပ်ရပ်အပေါ် ရိုင်းစိုင်းအောက်တန်းကျသော လုပ်ရပ်ဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်ကနေ ဝေဖန်ရှုံ့ချခဲ့ကြသည်။
ပိုလန်နိုင်ငံဝန်ကြီးချုပ် “Mateusz Morawiecki” က တရားခံဟာ အမြင့်ဆုံးပြစ်ဒဏ်နဲ့ ထိုက်တန်သူဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။


Follow us on