1. Home
  2. International News

မလေးရှား မူလတန်းပညာသင်ရိုးသစ် လိင်ပညာပေးမှု လွဲမှားသည်ဟု ဝေဖန်မှုများပြင်းထန်

International News ม.ค. 16, 2562 view 1,561
မိန်းကလေးများ အနေနဲ့ ရိုးရိုးယဉ်ယဉ် ဝတ်စားဆင်ယင်ခြင်းဖြင့် လိင်စော်ကားခံရမှုကို ကာကွယ်ရမည်ဟု အခြေခံမူလတန်း သင်ရိုးညွှန်းတမ်းတွင် မကြာမီ ပြဌါန်းတော့မည့် ပိုးချချက်အသစ်ကို ဗုဒ္ဓဟူးနေ့က မလေးရှား အာဏာပိုင်များ ပြောကြားခဲ့ပြီးနောက် အဆိုပါ သင်ရိုးသစ်အပေါ် ဒေါသထွက် ဝေဖန်သူတွေများပြားခဲ့သည်။
 
သင်းရိုးသစ်စာအုပ်တွင် ထည့်သွင်းထားသည့် ပို့ချက်၏ ခေါင်းစဉ်မှာ “ဣနြေ္နဖြင့် ထိန်းသိမ်းကာကွယ်ပါ” ဟု ပေးထားပြီး အသက် ၉ နှစ်အရွယ် “အမီရာ” ဟူသော မိန်းကလေးကို ဇာတ်ကောင်ထားကာ ရုပ်ပြဖြင့် ပုံဖော်ထားသည်။
ဇာတ်လမ်းမှာ “အမီရာ” ကို သူမရဲ့ မိဘတွေက ရိုးရိုးယဉ်ယဉ် ဝတ်စားဆင်ယင်မှုဖြင့် လိင်ပိုင်ဆိုင်ရာ စောကားမခံရအောင် ကာကွယ်ရမည်ဖြစ်ကြောင်း သင်ကြားပေးထားသည်။ ထို့ပြင် အဝတ်အစားလဲတဲ့အခါ အခန်းတံခါးကို အမြဲပိတ်ထားရမည်ဖြစ်ကြောင်း၊ လူပြတ်ပြီး တိတ်ဆိတ်တဲ့နေရာတွေကို တစ်ယောက်ထဲသွားတာ ရှောင်ရမည်ဖြစ်ကြောင်း သင်ပေးကြသည်။
 
အကယ်၍ တစ်စုံတစ်ယောက်က စော်ကားတာကို မကာကွယ်နိုင်ခဲ့ပါက ဒီအဖြစ်ပျက်ဟာ မိသားစုကို အရှက်ရစေကြောင်း၊ သူငယ်ချင်း အပေါင်းအသင်းတွေကလည်း ဒီလိုလူမျိုးကို ရှောင်ခွာကြမည်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ မျက်နှာပြ ရင်မဆိုင်ရဲတဲ့ ပြဿနာတွေ ကြုံတွေ့ရမည်ဟု စာအုပ်မှာ ဖော်ပြထားပါတယ်။
 
ယခုကဲသို့ သင်ရိုးအနေနဲ့ ဖော်ပြထားတဲ့ အကြောင်းအရာဟာ ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးတွေအတွက်တော့ အကြောင်းမျိုးကြောင့် လိင်စော်ကားခံခဲ့ရပါက အနေအထိုင်မတတ်လို့၊ အဝတ်အစားလော်လီလို့ စသည်ဖြင့် သူတို့ကိုယ်သူတို့ အပြစ်တင်နေဖို့သာ ခေါင်းထဲရိုက်သွင်းခံရတဲ့ သင်ရိုးမျိုးဖြစ်နေကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
 
ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်မတို့ အစိုးရကို မေတ္တာရပ်ခံတင်ပြထားပါတယ်” ဟု အမျိုးသမီးများ ကူညီစောင့်ရှောက်ရေးရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Meer Samanther က ဆိုပါတယ်။
အသက် ၉ နှစ်အရွယ် မိန်းကလေးကို ဒီလိုပညာပေးတဲ့ပုံစံဟာ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ရှက်စရာလို့ သင်ပေးနေတာဖြစ်သလို၊ လိင်ပိုင်းဆိုင်ရာကျူးလွန်သူရဲ့ အပြစ်ကို ကိုယ့်အပြစ်လို့ မြင်သွားစေတာမျိုး သင်ပေးတာမျိုး ဖြစ်နေပါတယ်” လို့ ဆိုပါတယ်။
 
ဝေဖန်မှုများနေတဲ့ ပို့ချခက်အသစ်နဲ့ ပက်သက်ပြီး ပညာရေးဝန်ကြီးဖြစ်သူက အခုလို အငြင်းပွားစရာဖြစ်နေတဲ့ အခန်းကို စတစ်ကာနဲ အပေါ်ကဖုံးအုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
 
အခုလို လိင်ပိုင်းဆိုင်ရာ ပညာပေးတဲ့ ပုံစံအားနည်းမှုဟာ မလေးရှားနိုင်ငံအတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်တုန်းကလည်း လိင်တူဆက်ဆံခြင်းကို ဘယ်လိုကာကွယ်ကြမလဲ ခေါင်းစဉ်နဲ့ အကောင်းဆုံး ရုပ်သံရိုက်ကူးပေးပို့သူကို ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ခဲ့တဲ့အတွက် အခုလိုပဲ အုတ်အော်သောင်းနင်း ဝေဖန်မှုတွေခံခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။သတင်းမှာ ဖော်ပြထားပါတယ်။
 


Follow us on