1. Home
  2. International News

မီးခိုးမြူကာကွယ်ရန် နှာခေါင်းစည်း ပြတ်လပ်မှုကြောင့် အတွင်းခံများနဲ့ ဖုံးကွယ်နေရ

International News ม.ค. 17, 2562 view 1,641
ထိုင်းနိုင်ငံတွင် မီးခိုမြူများ နေရာအနှံ့ အုံ့ဆိုင်းနေမှုကြောင့် နှာခေါင်းစည်း(မျက်နှာဖုံး) များ အရောင်းသွက်နေပြီး ပစ္စည်းပြတ်လပ်နေသဖြင့် နှာခေါင်းစည်း ဝယ်မရသူများက ဘရာစီယာများ၊ အတွင်းခံများကို နှာခေါင်းစည်းသဖွယ် ဝတ်ဆင်ကာ လမ်းပေါ်တွင် သွားလာနေကြရသည်။
 
 
 
ဘန်ကောက်မြို့ပေါ်တွင် မဲညစ်ညစ်မိုးခိုးမြူများဟာ တစ်မြို့လုံးနီးပါး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ထူထပ်စွာအုံ့ဆိုင်းနေခဲ့တာကြောင့် ကျန်းမာရေးနှိုးဆော်မှုများ ပြုလုပ်ထားတဲ့အတွက် လမ်းပေါ်တွင် သွားလာနေကြသူများ နှာခေါင်းစည်းများတပ်ဆင်ပြီး သွားလာနေခဲ့ကြပါတယ်။ အန္တရာယ်အဆိပ်ငွေ့တွေရှိနေတဲ့ တိမ်တိုက်တွေဟာ အန္တရာယ်ရှိကြောင်းသတ်မှတ်ထားတဲ့ အဆင့်ထက် ၈ ဆကျော်ရှိနေပြီး အနည်းဆုံး တစ်လလောက်တော့ ဘန်ကောက်မြို့ ပတ်ဝန်းကျင်မှာ ဖွဲ့တည်နေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။
 
 
 
 
N95 နှာခေါင်းစည်း မျက်နှာဖုံးစွပ်တွေ ဝယ်လိုအားမြင့်တက်လာပြီး ပစ္စည်းပြတ်လပ်မှု အခက်အခဲနဲ့ ကြုံတွေ့နေရတာကြောင့် မြို့တော်တွင်း သွားလာနေသူများဟာ အမျိုးသမီးဝတ် ဘရာစီယာ၊ အတွင်းခံဘောင်းဘီများကို မှက်နှာမှာ ဝတ်ဆင်ပြီး အဆင်ပြေသလို သွားလာနေကြရတာကို တွေ့မြင်ရတာဖြစ်ပါတယ်။


Follow us on