1. Home
  2. International News

၁၈ နှစ်အောက်ကလေးများ ညမထွက်ရအမိန့်ထုတ်ပြန်ရန် မလေးရှားစဉ်းစားနေ

International News ม.ค. 18, 2562 view 1,605
အသက် ၁၈ နှစ်အောက် ကလေးများ ညမထွက်ရအမိန့် ဥပဒေပြဌါန်းရန် မလေးရှားအစိုးရ အလေးအနက်ထားကာ အချိန်ယူစဉ်းစားနေပြီဖြစ်သည်။ ကလေးများအပေါ် မလိုလားအပ်သည့်ပြဿနာများ၊ အန္တရာယ်များ မကျရောက်စေရန် ကာကွယ်လိုခြင်းကြောင့် အဆိုပါဥပဒေကို ပြဌါန်းဖို့ ပြင်ဆင်နေခြင်းလည်းဖြစ်ပါတယ်။ 
 
မလေးရှားအစိုးရအနေနဲ့ ကလေးငယ်များ အုပ်ထိန်းသူမပါပဲ ညမထွက်ရသည့် ဥပဒေသစ်တွင် အချိန်ကန့်သတ်ချက်တစ်ခု ထားနိုင်ရန် အဘက်ဘက်က ချိန်ညှိစဉ်းစားနေကြပြီဖြစ်သည်။ ယင်းဥပဒေဟာ ကလေးတွေကို မူးယစ်ဆေးဝါးနဲ့ အခြားပြဿနာတွေကနေ အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်သွားမည်ဟု အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။
 
 
မလေးရှားနိုင်ငံ ဒုဝန်ကြီးချုပ် ဒါတွတ်ဆရီ ဒေါက်တာ ဝမ်အဇီဇာဝမ် ဦးဆောင်တဲ့ မူးယစ်ဆေးဝါးအမြစ်ပြတ်ချေမှုန်းရေး အစိုးရအဖွဲ့ရဲ့ အစည်းအဝေးကနေ သဘောတူထောက်ခံမှုအပြည့်နဲ့ အခုလို ဥပဒေပြုနိုင်ဖို့ စဉ်းစားနေကြတာဖြစ်ပါတယ်။
ကော်ရှုတဲ့ ကလေးငယ်အရေအတွက် တိုးလာနေတာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ အာဏာပိုင်တွေ ဆန္ဒပြင်းပျနေကြပါတယ်။
 
ကလေးတွေ ညမထွက်ရအမိန့်ထုတ်ပြန်တာ မလေးရှားနိုင်ငံက အရင်ဦးဆုံးမဟုတ်ပါဘူး၊ အိုက်စ်လန်နိုင်ငံမှာ လက်ရှိကျင့်သုံးနေပါတယ်။ သူတို့ကျင့်သုံးနေတဲ့ နည်းဥပဒေတွေကို လေ့လာပြီး ဒီထက်ပိုကောင်းအောင် လုပ်ဖို့အတုယူတာဖြစ်ပါတယ်။ အခုလို လုပ်ဖို့ဆိုတာ တစ်ကယ်တော့မလွယ်ပါဘူး၊ ဒါပေမယ့် ကလေးတွေကို မကောင်းတဲ့ ပတ်ဝန်းကျင်၊ အန္တရာယ်ဖြစ်စေမယ့် ကိစ္စတွေကနေ ကာကွယ်ဖို့ဆိုရင် ဒီလိုလုပ်မှ ဖြစ်မှာမို့ပါ” ဟု ဒုဝန်ကြီးချုပ်က မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
 
 
အိုက်စ်လန်ရဲ့ ဥပဒေအရ အသက် ၁၂ နှစ်အောက် ကလေးတွေဟာ မိဘအုပ်ထိန်းသူ မပါပဲ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်ထွက်ခွင့် မရှိပါဘူး။ အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးငယ်တွေကတော့ ည ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ ကျောင်းအဖွဲ့အစည်း၊ အားကစားအဖွဲ့အစည်းတွေက အသိမှတ်ပြုထားတဲ့ ပွဲတွေအခမ်းအနာတွေကနေ အိမ်ပြန်ချိန် နောက်ကျနေတာတွေကိုတော့ ချွင်းချက်ပေးထားပါတယ်။
ဒီဥပဒေကို ချိုးဖောက်တဲ့ ကလေးတွေကို ရဲတွေက စခန်းမှာ ထိန်းသိမ်းထားပြီး မိဘတွေကို အကြောင်းကြားပြီး လာရောက်ခေါ်ယူစေပါတယ်။ 
မြန်မာနိုင်ငံမှာရော ဒီဥပဒေမျိုး ပြဌါန်းဖို့ လိုနေပါပြီလား..?
 


Follow us on