1. Home
  2. International News

မွေးရာပါ မသန်စွမ်းသော်လည်း လျှာဖြင့် အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုသူ

International News ม.ค. 18, 2562 view 1,639

လောကကြီး မှာ စိတ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတွေ အများကြီးရှိပါတယ်။ သို့သော်လည်း ဘဝကို အရှုံးမပေး ကိုယ်လုပ်ချင်တဲ့ အရာကိုလုပ်နိုင်အောင်ကြိုးစားတဲ သူတွေ ကလည်း ဒုနဲ့ဒေး ပါပဲ။

နာမည်က Nurasamawati Mahmud ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အသက် က ၃၀ ။ သူမဟာ မွေးရာပါ ခြေလက်အင်္ဂါမသန်စမ်းပေမဲ့ စမတ်ဖုန်း ၊ ကွန်ပျူတာ ၊ လပ်တော့ တို့ကို လျှာဖြင့်အသုံးပြုနိုင်အောင် ကြိုးစားလေ့လာသင်ယူထားပါတယ်။ တစ်ကယ် လျှာဖြင့် အသုံးပြုနိုင်အောင် တော့ရုံ စိတ်ရှည်မှုနဲ့တော့ မရနိုင်ပါဘူး။

သူမဟာ မွေးရာပါ မသန်စွမ်းပေမဲ့စိတ်အားထက်သန်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ ကွန်ပျူတာ၊ စမတ်ဖုန်း အသုံးပြုနည်းတွေက ခြေလက်တွေက အသုံးပြုလို့ မရတဲ့အတွက် လျှာဖြင့် ကြိုးစားပန်းစား သင်ယူပြီး အွန်းလိုင်း ရှော့ပင် အလုပ်နဲ့ အသက်မွေး ဝမ်းကြောင်းပြုပါတယ်။

အွန်းလိုင်းကို အသုံးချပြီး ငံပြာရည် ၊ ပဲချည် စတဲ့စားသောက်ကုန်တွေကို အွန်လိုင်းပေါ်ကနေ တစ်ဆင့် ရောင်းချကာ သူမရဲ့ အတွက် ဝင်ငွေ တစ်ဖက်တစ်လမ်း က ရှာနိုင်ခဲ့တာပေါ့ ။ တစ်နေ့ကို ငံပြာရည်ပုလင်း ၄၀၀၀နီးပါး ရောင်းကုန်တယ်လို့ဆိုပါတယ်။

ငယ်စဉ်က မောင်နှမတွေနဲ့ ကျောင်းအတူတတ်ခဲ့ပေမဲ့ အိမ်ရဲ့ စီးပွားရေးအခြေအနေ ကြောင့် ပညာရေးကို ဆုံးခန်းတိုင်အောင် မနေခဲ့ရပါဘူး။ဒါပေမဲ့ ကျောင်းထွက်ပြီး ဈေးရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တာကြောင့် မိသားစု စီးပွားရေးလည်း ပြေလည်လာခဲ့ပါတယ်။ သူမရဲ့ အွန်းလိုင်းရှော့ပင်ဟာ အောင်မြင်မှု ရလာတဲ့အတွက် သူမရဲ့ မိဘ တွေက အခုလို သမီးမျိုးရထားတဲ့ အတွက် ဂုဏ်ယူမိတယ်လိုဆိုပါတယ်။



Follow us on