1. Home
  2. International News

အွန်းလိုင်းပေါ်မှာ ချစ်ကြိုက်ပြီး အသက်၂၁ နှစ်အရွယ် အင်္ဂလန်သူလေးနဲ့ ဖူးစာဆုံခဲ့တဲ့ အင်ဒိုသား

International News ม.ค. 25, 2562 view 1,983

အသက် ၂၆ နှစ်အရွယ် ရှိတဲ့ Magelang ဆိုတဲ့အမျိုးသားဟာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပါတယ်။သူရဲ့ ဖူးစာကတော့ ဆန်းကြယ်တယ်ပြောရမယ်။ Magelang ဟာ အသက်၂၁ နှစ်အရွယ် ငယ်ငယ်ချောချာ ကောင်မလေးတစ်ဦးနဲ့ ဖူးစာဆုံခဲ့ပါတယ်။ သူမဟာ အင်္ဂလန်နိုင်ငံ ယူနိက်တတ်မှာနေထိုင်တာပြီး နာမည်ကတော့ ပိုလီ လို့ခေါ်ပါတယ်။ သူတို့နှစ်ယောက် အွန်လိုင်းပေါ်မှ ဖူးစာ ဆုံခဲ့ကြပြီး မခွဲနိုင် တစ်ယောက်နဲ့ တစ်ယောက်နဲ့ မခွာနိုင်ဖြစ်ကာ လက်ထပ်ယူခဲ့ကြပါတယ်။

သူတို့နှစ်ယောက်ဟာ အင်စတာဂရမ်မှတွေ့ ဆုံခဲ့ကြပြီး စကားပြောရင်း ရင်နှီးလာခဲ့ကြတာဖြစ်ပါတယ်။ ကြာလာတော့ သံယောဇဉ်တွေ ချည်မျှင်လာကြပြီး      ချစ်ခြင်းတို့ဖူးစာ တားဆီးမရဆိုသလို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွတ်စလင်တို့ရဲ့ ထုံးတမ်းအစဉ်လာအရ လက်ထပ်ခဲ့ကြပါတယ်။

မင်္ဂလာအခမ်းအနားမှာ ကောင်မလေးက လှပစွာဆင်မြန်းထားတဲ့ အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး နှစ်ယောက်စလုံး မွတ်စလင်တို့၏ မင်္ဂလာပေါင်းစည်းခြင်းအတိုင်း လက်ထပ်ယူခဲ့ကြပါတယ်။ လူမှုကွန်ယက်မှာလည်း လိုက်ဖက်တဲ့စုံတွဲအဖြစ် ချီးမွန်းခံနေရသလို ကောင်မလေးက ကောင်လေးကို တော်တော်ချစ်ပုံရတယ်လို့ ဆိုပါတယ်။

“သူတို့နှစ်ယောက် ကို တစ်ချို့ကလည်း ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက်ချစ်နိုင်လို့ ချစ်ခြင်းရဲ့နောက်တစ်ဆင့်ကို ကျော်ဖြတ်လာနိုင်ခဲ့ပါပြီ။ ကျွန်တော်သူမကို အရမ်းချစ်ပါတယ်။ ၊ ဘုရားသခင်ရဲ့ ယုံကြည်ချက်အတိုင်း ပိုလီနဲ့ ဖူးစာဆုံ ခဲ့လို့ အတိုင်းထက်အလွန် ပျော်ရွင်မိပါတယ် “ လို့ Magelang ကပြောပါတယ်။

မင်္ဂလာလက်ထပ်ပွဲမှာတော့ Magelang ရဲ့မိသားစုတွေနဲ့ ပိုလီရဲ့ မိသားစုတွေ တစ်ရင်းတစ်နှီး တွေ့ ဆုံပြီး မင်္ဂလာပွဲကို ချီးမြောက်ခဲ့ကြပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ဖူးစာသာပါခဲ့ရင် ဘယ်လောက်ဝေးဝေး ပေါင်းစည်းနိုင်တယ်ဆိုတာ ကို သူတို့ စုံတွဲက သက်သေပြခဲ့ပါတယ်။



Follow us on