"ရေချိုးလို့ သေတဲ့ မသာပဲရှိတယ် ၊ ရေမချိုးလို့ သေတဲ့မသာ မရှိဘူး " ဆိုတဲ့ စကားပုံ ခုတစ်ကယ် ဟုတ်နေပါတယ် ။ အီရန်လူမျိုး ၊ အသက် ၈၀ အရွယ်အမျိုးသားဟာ နှစ် ၆၀ ကျော်ရေမချိုးဘဲ နေခဲ့လို့ ကမ္ဘာ့အညစ်ပတ်ဆုံး လူသားအဖြစ် စံချိန်တင်ခံခဲ့ရတာဖြစ်ပါတယ်။ နာမည်ကတော့ Amo Hadji လို့ခေါ်ပါတယ်။
သူကို အများက လူထူးလူဆန်းအဖြစ် သတ်မှတ်ထားပြီး ဒီလောက်ဆိုးရွားတဲ့ လူနေမှုပုံစံကို ဝေဖန်ခဲ့ကြပါတယ်။ တစ်ကိုလ်လုံး ဖုံးတစ်လူးလူး ၊ ချေးအထပ်ထပ်နဲ့ နံစော်နေတာကြောင့် အနားတောင် မကပ်နိုင်အောင်အထိပါပဲ။သူရဲ့ပုံစံက အထီးကျန်နေတဲ့ ပုံစံနေပါတယ်။
အစားအသောက် ကို သားရဲတိရိစ္ဆာန်တွေကို အမဲလိုက်ဖမ်းယူသတ်ဖြတ်စားသောက်ပြီး အိပ်စရာ နေထိုင်ရာတော့ တွင်းနက်ကြီး တစ်တွင်း မှာ ပဲ အိပ်စက်ပါတယ်။ဆေးလိပ်တစ်ခါသောက်ရင်လည်း အလိပ် ၅၀ လောက်သောက်ပါတယ်။ ပတ်ဝန်ကျင်က ကြည့်မနေနိင်တဲ့ အတွက် ဘေးနားမှာ နေပူဒဏ် ၊ မိုးဒဏ် ခံနိုင်ဖို့ တဲလေးတစ်လုံးဆောက်ထားပေးခဲ့ပါတယ်။ ဒါမဲ့ သူအတွက် အထူးတစ်လည် ဝမ်းသာနေတဲ့ ပုံမပေါ်ပါဘူး။
သူဘာကြောင့် အနှစ် ၆၀ ထိ ရေမချိုးဘဲနေခဲ့လဲ့ ဆိုတာက ၊ “ကျွန်တော် ဟာရေချိုးပျင်းသူ တစ်ယောက်မဟုတ်ပါဘူး ၊ မိန်းကလေး တစ်ယောက် ကို အရူးအမူး ချစ်ကြိုက်မိခဲ့ပြီး အဲ့မိန်းကလေးကို မှမရရင် တစ်သက်လုံး ရေမချိုးဘူးလို့ ကျိန်စာဆိုခဲ့လို့ ” ပါတဲ့ ။ သူဟာ အချစ်ကြောင့် ရေမချိုးဘဲ နံစော်နေအောင် နှစ် ၆၀ ကျော် နေထိုင်လာခဲ့ပါတယ်။
ရေမချိုးပေမဲ့ သူ့ရဲ့ ရုပ်ကိုကြည့်ဖို့ မှန်တစ်လပ် အမြဲ ဆောင်ထားပါတယ်။ ဆံပင်အရမ်းရှည်လာတဲ့အခါ မီးနဲ့ ရှို့ပစ်ပြီး ဆောင်းရာသီလို ချမ်းတဲ့အခါ ဦးထုပ်တော့ ဆောင်းထားတတ်ပါတယ်။ ဒေသခံတွေက် သူရေမချိုတော့တာဟာ ၁၉၆၅ ခုနှစ်လောက်ကတည်းက လိုဆိုပါတယ်။သူကို ရေချိုးဖို့ အတင်းလိုက်ခေါ်နေရင်တောင် ထွက်ပြေးတတ်တယ်လို့ဆိုပါတယ်။
Amo Hadji ဟာ ကမ္ဘာ့အချိန်အကြာဆုံးရေမချိုးသူ/ အညစ်ပတ်ဆုံးသူအဖြစ် စံချိန်တင်ခဲ့တယ်လိုသိရပါတယ်။ ယခင်ကလည်း အိန္ဒိယမှာ ၃၈နှစ်ထိ ရေမချိုးဘဲ နေတဲ့ ၆၆နှစ်အရွယ် အမျိုးသားတစ်ဦး ရှိခဲ့ပြီး အခု Amo Hadji က စံချိန်ချိုးဖြတ်ကာ အညစ်ပတ်ဆုံးသူအဖြစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။