1. Home
  2. International News

မသန်စွမ်းပေမဲ့ စွန့်ပစ်ခံ ဘိုးဘွားများကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူငယ်

International News ก.พ. 01, 2562 view 1,885

အသက် ၂၄ နှစ်အရွယ် Luu ဟာ ကားအက်စီးဒင့် ကြောင့် ခြေထောက်တစ်ဖက်က ဖြတ်ထားခဲ့ရပါတယ်။ သူဟာ ရုပ်ရည် အင်မတန် ချောရုံမက စိတ်ထားကလည်း မွန်မြတ်သူ တစ်ဦးဖြစ်ပါတယ်။  သူဟာ အကူအညီမဲ့နေတဲ့ လူတွေကို ကူညီစောင့်ရှောက်ပြီး သက်ကြီးရွယ်အိုတွေကို သွားရောက်ပြုစုပြီး တစ်နိုင်တစ်ပိုင် ပရဟိတပြုလုပ်လေ့ရှိပါတယ်။

Luu ဟာ အသက် ၈၇နှစ်အရွယ် အိမ်ထောင်မရှိဘဲ တစ်ယောက်ထဲနေထိုင်နေတဲ့ အဖိုးအိုတွေကို တွေ့ပြီး အကူအညီစပေးဖြစ်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် Luu ဟာ အဖိုးအိုကို သူ၏ အိမ်သို့ခေါ်လာပြီး ဆေးဝါး၊ အစားအသာက် ၊ အညစ်အကြေး မှအစ အစစအရာရာကို ပြုစုစောင့်ရောက်ထားပါတယ်။ အများကလည်း Luu ရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

တစ်ယောက်ထဲနေထိုင်ပြီး အထီးကျန်နေတဲ့ အဖိုးအဖွားတွေကို နွေးထွေးမှုတွေပေးပါတယ် ။ သူ့ရဲ့ ဆန္ဒကတော့ ဒီအဖိုးအဖွားတွေရဲ့ အထီးကျန်နေတဲ့ နေ့ရက်တွေကို မေ့ပျောက်ပြီး ဘဝနေမဝင်ခင်အချိန်မှာ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်သွားတာကို မြင်ချင်ပါတယ်လို့ဆိုပါတယ်။

 

Luu ဟာခြေအင်္ဂါမသန်စွမ်းပေမဲ့ စိတ်ထားလှတဲ့သူတစ်ယောက်ပါ။ အကူအညီမဲ့နေသူကို ကူညီနေရုံသာမက ဘဝမှာ ဘဝနေဝင်ချိန်နီးနေတဲ့ သူတစ်ယောက်ကို ပျော်ရွင်စေဖို့အတွက် ဖြည့်ဆည်းပေးခဲ့သူပါ။



Follow us on