1. Home
  2. International News

ကာဒစ်တိုက်စစ်မှူး ဆာလာ လိုက်ပါသွားသည့် ပျက်ကျလေယာဉ် ရှာတွေ့ပြီ

International News ก.พ. 04, 2562 view 1,521
ဘောလုံးတိုက်စစ်မှူး “အီမီလီယာနို ဆာလာ” လိုက်ပါစီးနင်းခဲ့သည့် လေယာဉ်ပျက်ကျခဲ့ပြီး ပျောက်ဆုံးနေခဲ့ရာမှ နှစ်ပတ်အကြာတွင် လေယာဉ်ပျက်အား အင်္ဂလိပ်ရေလက်ကြား ရေအောက်ကြမ်းပြင်တွင် ပြန်လည်တွေ့ရှိပြီဖြစ်သည်။
 
 
ဒါပေမယ့် ဆာလာ နဲ့ လေယာဉ်မှူး ဒေးဗစ်အီဘိုဆန် တို့ကို လေယာဉ်အပျက်အဆီးတွေကြားမှာ ရှာတွေ့ မတွေ့ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 
ကျွန်တော် လုံးဝမယုံနိုင်ဘူးဗျာ၊ ဒါဟာ တစ်ကယ့်အိမ်မက်ဆိုးကြီးပါပဲ၊ ဘယ်လိုမှ မဖြည်ဆယ်နိုင်ဘူး” ဟု ဆာလာရဲ့ ဖခင်ဖြစ်သူက သူ့ရဲ့နေအိမ်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
 
မနေ့က နံနက်ပိုင်းမှာ ကျွမ်းကျင်သူတွေက ဂန်ဇီ ကမ်းရိုးတန်းတစ်လျှောက် လိုက်ရှာခဲ့ကြပြီး နာရီအနည်းငယ်အကြာမှာ လေယာဉ်အပျက်ဆီးတွေကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့က ဆာလာနဲ့ သူ့ရဲ့လေယာဉ်မှူးတို့ ပြင်သစ်နိုင်ငံ ကနေ ကာဒစ်ကို ထွက်ခွာလာပြီးနောက် လမ်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။ ၄ ရက်အကြာမှာ ဘာမှသတင်းအစအန မရတဲ့အတွက် ဆာလာ ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက အာဏာပိုင်များထံ ပျောက်ဆုံးနေကြောင်း အကြောင်းကြားခဲ့ကြပါတယ်။
 
 
ဆာလာ ရဲ့ မိသားစု၊ မိတ်ဆွေနဲ့ ပရိသတ်တွေ စုပေါင်းပြီး အကုန်ကျခံကာ သင်္ဘောပျက်ရှာဖွေရေး David Mearns ကို ငှားရမ်း ရှာဖွေခဲ့ကြပါတယ်။ လေယာဉ်ပျောက်ဆုံးပြီး ၂ ရက်အကြာ ပြင်သစ် နော်မန်ဒီကမ်းခြေ အနီးမှာ လေယာဉ်ထိုင်ခုံကူရှင်တွေ ရှာတွေ့ခဲ့ပါတယ်။
 
 
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းမှာတော့ လေယာဉ်အပျက်အဆီးတွေကို အင်္ဂလိပ်ရေလက်ကြား ရေအောက်ကြမ်းပြင်မှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
 


Follow us on