အသက် ၁၂ နှစ်အရွယ် Diego Abdulhasan တို့မိသာစုဟာ ဖိလစ်ပိုင်နိုင်ငံ Palawan ဒေသရှိ Balabac ကျွန်းမှာနေထိုင်ကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ညီကိုနှစ်ယောက် ရေးကူနေရင်း Diego Abdulhasan ကို ရေထဲ့မှ မီးကျောင်းတစ်ကောင်းက ရေထဲ့ကို ဆွဲခေါ်သွားခဲ့ပါတယ်။
Diego ဟာ အလန့်တကြား အောဟစ်ခဲ့ပြီး ဘေးနားက လူတွေကလည်း အော်ဟစ်နေခဲ့ကြပါတယ်။ အဲ့အသံကြားတဲ့ Diego ဖခင် Tejada Abulhasan ဟာချက်ချင်းဆိုသလို့ သားဇောနဲ့ သစ်သားတုတ် ကိုကိုင်ဆွဲပြီး မီးကျောင်းကိုကြိမ်ဖန်များစွာ ရိုက်ပါတယ်။ မီးကျောင်းဟာ ကလေးငယ်ကို လွတ်မပေးဘဲ ဆွဲချီထားတာကြောင့် ဖခင်ဟာ အာသားကုန် ခြေထောက်ကို ကိုက်ပြီး ဖက်တွယ် နှပန်းလုံးခဲ့ပါတယ်။
ကြာတော့ မီးကျောင်းဟာ ကလေးငယ်ကို လွတ်ချပြီး ရေထဲကို ထွက်ပြေးသွားခဲ့ပါတယ်။ ကလေးငယ်ကို နီးစပ်ရာ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပါတယ်။ ကလေးငယ်ဟာ မျက်နှာ နဲ့ ခြေထောက်တိုမှာ မီးကျောင်း ကုတ်ခြစ်ရာတွေရှိခဲ့ပေမဲ့ စိုးရိမ်စရာ မရှိဘူးလို့သိရပါတယ်။
အဆိုပါဖြစ်စဉ်မျိုးကို မြစ်ကမ်းတစ်လျောက်မှာ ခဏခဏဖြစ်ပေါ်နေတာကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းစီး ခဲ့ရာ ၁၅ ပေ ၆လက်မရှည်တဲ့ မိကျောင်းတစ်ကောင်ဖမ်းဆီးရရှိခဲ့ပါတယ်။ထို မီးကျောင်းကို မီးကျောင်းထိန်းသိမ်းရေးစခန်းကို ပိုဆောင်ခဲ့ပါတယ်။