1. Home
  2. International News

လေယာဉ်ပျက်နဲ့အတူ ကာဒစ်တိုက်စစ်မှူး ဆာလာ ဟုယူဆရသော ရုပ်အလောင်းပြန်တွေ့

International News ก.พ. 06, 2562 view 1,507
ကာဒစ်တိုက်စစ်မှူး ဆာလာ ရဲ့ လေယာဉ်ကို အင်္ဂလိပ်ရေလက်ကြားထဲ ရေအောက်ကြမ်းပြင်တစ်နေရာမှာ ရှိနေကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့ပြီးနောက် ရေငုတ်သမားများက လေယာဉ်အပိုင်းအစများဆီ ဆက်လက်ရှာဖွေခဲ့ရာ လေယာဉ်ထဲတွင် အလောင်းတစ်လောင်’ တွေ့ရှိရကြောင်း ပြောဆိုခဲ့သည်။
 
 
လေယာဉ်ဟာ ရေအောက်အနက် ပေ ၂၂၀ ပင်လယ်ကြမ်းပြင်မှာ တည်ရှိနေကြောင်း လေကြောင်းမတော်တဆဖြစ်ပွားမှု စုံစမ်းစစ်ဆေးရေး အဖွဲ့က ဓါတ်ပုံများနဲ့တစ်ကွ ဖော်ပြလိုက်ပါတယ်။
 
လေယာဉ်အပျက်အဆီးများကို ရေပေါ်ပြန်ဆယ်ယူ၊ မယူဆိုတာကိုတော့ ဆုံးဖြတ်နေဆဲဖြစ်တယ်လို့ AAIB (Air Accident Investigation Branch) က ဆိုပါတယ်။ လက်တလောမှာတော့ ဆာလာရဲ့ မိသားစုနဲ့ လေယာဉ်မှူးမိသားစုတို့ကို အားပေးနှစ်သိမ့်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ 
 
 
လေယာဉ်အပျက်အဆီးများကြားမှာ ရုပ်အလောင်း တစ်ခုတွေ့ရပြီး တစ်ခြား ရုပ်အလောင်းမှာ လွန်ခဲ့တဲ့ နှစ်ပတ်က ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းကြောင့် တစ်နေရာရာကို လွင့်ထွက် ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ တွေ့ရှိရတဲ့ အလောင်းဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖော်ပြခြင်းမရှိသေးပါဘူး။
 
 
ဆာလာ ဟာ သူ့ရဲ့လေယာဉ်မှူးနဲ့အတူ ဇန်နဝါရီ ၂၁ ရက်နေ့က ပြင်သစ်ကနေ ကာဒစ်ကို ပြန်လာစဉ် လမ်းမှာ လေယာဉ်ပျက်ကျ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မိသားစုနဲ့ ပရိသတ်တွေ စုပေါင်းပြီး ရှာဖွေရေးသင်္ဘောငှားကာ လိုက်လံရှာဖွေခဲ့ရာမှ အင်္ဂလိပ်ရေလက်ကြားအတွင်း ပျက်ကျခဲ့တာကို သိခဲ့ရတာဖြစ်ပါတယ်။
 


Follow us on