1. Home
  2. International News

ဘဏ်မသိအောင် ATM စက်ထဲကနေ သုံးလအတွင်း (၇) သန်း ထုတ်ယူခဲ့တဲ့ ဘဏ်ဝန်ထမ်း

International News ก.พ. 07, 2562 view 1,543
တရုပ်နိုင်ငံ Huaxia Bank မှ အိုင်တီဝန်ထမ်းတစ်ဦးဟာ ၃ လအတွင်းမှာ တရုပ်ယွမ်ငွေ ၇ သန်းကို ဘဏ်ကမရိပ်မိအောင် နည်းပညာနဲ့ တရိတရိ ထုတ်ယူခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
 
ဘဏ်တွင် ပရိုဂမ်မာအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၄၃ နှစ်အရွယ် Qin Qisheng ဆိုသူဟာ ဘဏ်ရဲ့ ငွေထုတ်စက် ATM လုံခြုံရေးစနစ်အတွင်း ယိုပေါက်တစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
ယင်းအားနည်းချက်ကတော့ ဘဏ်ထဲမှ ငွေမည်မျှပင် ထုတ်ယူစေကာမူ ကာယကံရှင်ရဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတစ်ပြားမှ မလျှော့သွားသလို လိုသလောက် ထုတ်ယူနိုင်ပြီး ဘဏ်ရဲ့အချက်ပေးစနစ်ကိုပါ ကျော်ထားနိုင်အောင် လုပ်လို့ရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
 
 
ပရိုဂရမ်မာက အဲဒီပျော့ကွက်ကို အသုံးချပြီး ကုဒ်တစ်ခုကို ရိုက်သွင်းခဲ့ပါတယ်၊ အဲဒီနောက် ညသန်းခေါင်း အချိန်ပတ်ဝန်းကျင်မှာ ငွေတွေကို  အမြဲလာထုတ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၀၁၆ ခုနှစ်ထဲက ထုတ်ခဲ့တာ ၂၀၁၇ ဇန်နဝါရီလလောက်ကျမှ ဘဏ်က ငွေများစွာလျှော့နေတဲ့အတွက် သက်ဆိုင်ရာကို တိုင်ကြားရာမှ အမှုက ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ယွမ်ငွေ ၇ သန်းခန့် ထုတ်ယူထားပြီးဖြစ်ပါတယ်။
 
ဒါပေမယ့် အံ့သြစရာကောင်းတာက ဘဏ်က သူ့ဝန်ထမ်း ပရိုဂရမ်မာရဲ့ လက်ချက်ဖြစ်တာကို သိသွာတာကတစ်ကြောင်း ပရိုဂရမ်မာက ငွေတွေအားလုံး ဘဏ်ကို ပြန်လွှဲပေးခဲ့တာက တစ်ကြောင်းနဲ့ အမှုကို ဘဏ်က ပြန်လည်ရုပ်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ 
အာဏာပိုင်တွေကို ဘဏ်စနစ်ရဲ့ လုံခြုံရေးကို စမ်းသပ်တာသာဖြစ်လို့ အမှုရုပ်သိမ်းရန် တောင်းဆိုခဲ့ပေမယ့် အာဏာပိုင်တွေကတော့ ပရိုဂရမ်မာကို လုံခြုံရေးစနစ်ကို ဖောက်ထွင်း ငွေခိုးယူမှုနဲ့ ဆက်လက်ဖမ်းဆီးထားပါတယ်။ 
 
 
အာဏာပိုင်များရဲ့ အဆိုအရ ဘဏ်အနေနဲ့ လုံခြုံရေးစနစ် စမ်းသပ်တယ်ဆိုရင် ဘဏ်ကပိုင်တဲ့ နမူနာအကောင့်ထဲသာ ပိုက်ဆံတွေ ဝင်ရမှာ ဖြစ်ပြီး အခုပိုက်ဆံတွေက ပရိုရဂမ်မာရဲ့ အကောင့်ထဲရောက်နေတဲ့အတွက် ဒါဟာ ခိုးယူမှုမြောက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ တရားရုံးတော်က ဘဏ်ဘက်က အမှုရုပ်သိမ်းမှု တင်ပြချက်ကို ပယ်ချခဲ့ပါတယ်။ ဒီအတွက် ပရိုဂမ်မာအနေနဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ၆ လ ကျခံရဖို့ရှိနေပြီး စတော့မားကတ်အချို့ကိုလည်း အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။


Follow us on