1. Home
  2. International News

အမျိုးသမီးများကို ဖိနှိပ်သည့် App ဖြုတ်ချရန် Google နဲ့ Apple ကို သတိပေး

International News ก.พ. 15, 2562 view 1,570
အမျိုးသမီးများကို အမျိုးသားများက ထိန်းချုပ်ရန် စောင့်ကြည့်နိုင်တဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံမှ မိုဘိုင်းအပလီကေးရှင်း တစ်ခုကို Google Play Store နဲ့ Apple AppStore တို့မှ ဖြုတ်ချပေးရန် ယူအက်စ်နိုင်ငံရေးသမားများနဲ့ လူအခွင့်ရေးလှုပ်ရှားသူများက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကုမ္ပဏီနှစ်ခုလုံးကို တောင်းဆိုလိုက်သည်။
 
ဆော်ဒီနိုင်ငံတွင် အမျိုးသမီးတိုင်းအတွက် အုပ်ထိန်းသူ အမျိုးသားတစ်ဦးရှိနေပြီး အဆိုပါ App မှာ ဇနီးမယား သို့မဟုတ် အုပ်ထိန်းခံ ဆွေမျိုးတော်စပ်သူ အမျိုးသမီး၏ ဆော်ဒီနိုင်ငံတွင်း လှုပ်ရှားသွာလာမှုများ အားလုံးကို အုပ်ထိန်းသူအမျိုးသားက အချိန်ပြည့် ထောက်လှမ်းကြည့်ရှုနိုင်ရန် ဖန်တီးထားသော ဆော်ဒီအစိုးရပိုင် App တစ်ခုလည်းဖြစ်သည်။
 
 
Absher” အမည်ရတဲ့ App ကို ဆော်ဒီအာရေဗီးယား ပြည်ထဲရေးဝန်ကြီးဌါနမှ ဖန်တီးထားပြီး Android နဲ့ iOS နှစ်မျိုးစလုံးအတွက် အွန်လိုင်းစတိုးပေါ်မှာ အခမဲ့ရယူရန် တင်ထားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ App ကိုအသုံးပြုပြီး ဆော်ဒီအမျိုးသားများက အမျိုးသမီးများ၊ ဇနီးမယားများ နိုင်ငံတစ်ကာသို့ ခရီးသွားလာခွင့်၊ အလုပ်လုပ်ခွင့်၊ လက်ထပ်ခွင့် စတာတွေကို ထိန်းချုပ်နိုင်ပြီး အစိုးရရုံးဌါနများသို့ အချက်လက်များကို တိုက်ရိုက်ထည့်သွင်း အကြောင်းကြားနိုင်ရန် စီစဉ်ထားကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူများက ဆိုပါတယ်။
 
“ဒီအပလီကေးရှင်းဟာ အမျိုးသမီးတွေကို တစိတ်တပိုင်း ဖိနှိပ်ထားတာဖြစ်တယ်” လို့ အရှေ့အလယ်ပိုင်း အမျိုးသမီးအခွင့်ရေးစောင့်ကြည့်အဖွဲ့မှ ကျွမ်းကျင်သူ Rothna Begum က ဆိုပါတယ်။ 
လတ်တလောမှာတော့ Google နဲ့ Apple က ယင်း App နဲ့ ပက်သက်ပြီး တစ်စုံတရာ ချက်ခြင်း တိုက်ရိုက် ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
 
Apple ရဲ့ စီအီးအို တင်မ်ကွခ် က NPR ရေဒီယိုကနေတစ်ဆင့် မနေ့က ပြောကြားခဲ့ရာမှာတော့ “သူဒီအကြောင်းကို ကြားလိုက်ရတဲ့အတွက် ဒီ App ကို ကျွန်တော်တို့ စစ်ဆေးကြည့်ပါဦးမယ်” လို့ ပြောဆိုခဲ့ပါတယ်။
 
 
ဆော်ဒီနိုင်ငံက အမျိုးသမီးတွေဟာ အလုပ်လုပ်ဖို့၊ လက်ထပ်ဖို့ နဲ့ ခရီးသွားဖို့ စတာတွေမှာ သူတို့ရဲ့ အုပ်ထိန်းသူ အမျိုးသားတွေရဲ့ ခွင့်ပြုချက် စာရွက်စာတမ်း သဘောတူညီမှုရမှသာ လုပ်ဆောင်ခွင့်ရှိတဲ့ အုပ်ချုပ်ခံစနစ်အောက်မှာ ရှင်သန်နေရတာဖြစ်ပါတယ်။ ဒီကိစ္စအပေါ် လူအခွင့်ရေးစောင့်ကြည့်အဖွဲ့တွေက အမျိုးသမီးတွေဟာ မတရားဖိနှိပ် အနိုင်ကျင့်ခံနေရတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
 
 
အမေရိကန်လွှတ်တော်အမတ် Ron Wyden က “Absher” App ဖြုတ်ချဖို့၊ အမျိုးသမီးတွေကို နှိပ်ကွပ်တာမျိုးကို ဆန့်ကျင်ဖို့ Apple နဲ့ Google တို့ကို သူ့ရဲ့ တွစ်တာကနေတစ်ဆင့် ရေးသားပြောဆိုခဲ့ပါတယ်။
 


Follow us on