1. Home
  2. International News

လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးခဲ့ပြီး နာရီပေါင်းအတော်ကြာ ပျံသန်းနေခဲ့တဲ့ MH370

International News ก.พ. 19, 2562 view 1,625
မလေးရှားလေယာဉ် MH730 ဟာ သမုဒ္ဒရာထဲ ပျက်မကျမီထဲက လေယာဉ်ပေါ်ပါ ခရီးသည်းများနဲ့ လေယာဉ်မှူးကြီးအပါအဝင် လေယာဉ်အမှူထမ်းများအားလုံး သေဆုံးခဲ့ပြီး အကူလေယာဉ်မှူး တစ်ဦးတည်းသာ အသက်ရှင်ကျန်ခဲ့ပြီးနောက် လေယာဉ်ဟာ အလိုလျှောက် နာရီပေါင်း အတော်ကြာ လျှောက်မောင်းနေခဲ့ကြောင်း လေကြောင်းကျွမ်းကျင်သူ တစ်ဦးက အခိုင်အမာပြောဆိုလိုက်ပြန်သည်။
 
CoPilot:Fariq Abdul Hamid
 
 
၂၀၁၄ ခုနှစ် မတ်လထဲက ပျောက်ဆုံးသွားခဲ့သော မလေးရှားခရီးသည်တင်လေယာဉ် MH370 ရဲ့အမှုဟာ ကမ္ဘာပေါ်မှာ လျှို့ဝှက်ဆန်းကြယ်ဆုံး လေကြောင်း မတော်တဆမှုအဖြစ် မှတ်တမ်းတင်ခံထားရပြီး ယခုထိ တိကျတဲ့ အဖြေကို မထုတ်နိုင်သေးပါဘူး။
 
ယခုတစ်ဖန် လေကြောင်းကျွမ်းကျင်သူ Christine Negroni က ဖြစ်နိုင်ချေရှိတဲ့ သူမရဲ့ သီအိုရီတစ်ခုကို ရေးသားဖော်ပြလိုက်ပါတယ်။ သူမရဲ့ အယူအဆအရ လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံးဟာ လေယာဉ်အခန်းထဲမှာ လေဖိအားလျော့လာကျတဲ့ ပြဿနာကြောင့် ဒဏ်မခံနိုင်တော့ပဲ အသက်ရှုမဝဖြစ်ကာ အားလုံးသေဆုံးသွားခဲ့ကြပါတယ်။ 
အဲဒီအချိန်မှာပဲ လေယာဉ်မှူးကြီး Zaharie Ahmad Shah ဟာ လေယာဉ်မှူးအကူနဲ့အတူ လေယာဉ်မောင်းခန်းထဲမှာ ရှိမနေပဲ အခြားတစ်နေရာမှာ ရှိနေတာကြောင့် သူပါသေဆုံးသွားခဲ့ပါတယ်။ လေယာဉ်ကိုတော့ အကူလေယာဉ်မှူး Fariq Abdul Hamid တစ်ဦးတည်း ကြိုးစားပြီး ထိန်းချုပ်မောင်းနှင်နေခဲ့ပါတယ်၊ သူဟာ ကယ်တင်ဖို့အတွက် ကြိုးစားရင်း လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ခဲ့ပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ မအောင်မြင်ပဲ သူပါထပ်မံသေဆုံးသွားရတယ်လို့ သုံးသပ်ထားပါတယ်။
 
Captain:Zaharie Ahmad Shah
 
ရုတ်တရက် အောက်ဆီဂျင်ပြတ်လပ်မှုဟာ ခရီးသည် ၂၃၉ ဦးနဲ့ လေယာဉ်အမှူထမ်းတွေကို ၁၅ မိနစ်အတွင်းမှာ သေစေခဲ့ပြီး အကူလေယာဉ်မှူးကတော့ လေယာဉ်မောင်းခန်းထဲမှာ ဖြစ်လို့ ဒီအဖြစ်ဆိုးကနေ အချိန်အနည်းငယ်ကြာ လွတ်မြောက်ပြီး အသက်ရှင်ခဲ့ပါတယ်။ 
သို့ပေမယ့်လည်း အောက်ဆီဂျင် အပြည့်အဝ မရတဲ့ပြဿနာကြောင့် လေယာဉ်အကူရဲ့ ဦးနှောက်ကို ထိခိုက်ခဲ့ပြီး လူတွေကိုကယ်တင်ဖို့ ရွေးချယ်ဆုံးဖြတ်ရာမှာ ပျံသန်းရာ လမ်းကြောင်းလွဲပြီး ရေပြင်ကျယ်ကြီးထဲလမ်းပျောက်ကာ ဆင်းလို့လဲမရပဲ နောက်ဆုံးမှာ အိန္ဒိယသမုဒ္ဒရာထဲက တစ်နေရာမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
 
လေယာဉ်သွားတဲ့ လမ်းကြောင်းအရ လေယာဉ်ဟာ တောင်ဘက်ကို ဦးတည်ပျံသန်းနေပြီး တစ်ချိန်တည်းမှာပဲ အကူလေယာဉ်မှူးလည်း သတိလစ်သွားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
 
“လေယာဉ်ပေါ်မှာ ခရီးသည်တွေ ၁၅ မိနစ်လောက်ပဲ အောက်ဆီဂျင်ရကြလိမ့်မယ် ဒါကြောင့် ခရီးသည်တွေအားလုံး သေကုန်ကြပြီး သတိပြန်လည်အောင် ဘယ်လိုမှလုပ်လို့ မရတော့တဲ့ အခြေအနေပါ။ ဒါကြောင့် လေယာဉ်ဟာ သူမုဒ္ဒရာထဲကို ပျက်မကျခင်ကတည်းက ခရီးသည်တွေအားလုံး သေနှင့်ပြီး ဖြစ်ပါတယ်” လို့ သူမက ဆိုပါတယ်။
 
 
လေယာဉ်ဟာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မြေပြင်နဲ့ အဆက်အသွယ်ပြတ်တောက်သွားချိန် ၃၈ မိနစ်အတွင်မှာပဲ လေဖိအားလျော့ကျလာတယ်လို့ Christine Negroni က ယုံကြည်ထားပါတယ်။
“ကျွန်မရဲ့ အယူအဆအရ လေယာဉ်မောင်းအတွေ့အကြုံရှိတဲ့ လေယာဉ်မှူးဟာ ပျံသန်းရာလမ်းကြောင်းမှာ ပုံမှန်မဟုတ်ပဲ အဓိပ္ပါယ်မဲ့တယ်လို့ ယူဆရတဲ့အရာ တစ်ခုခုလုပ်ပြီဆိုရင် အဲဒီလေယာဉ်မှူးမှာ အသိစိတ်မကပ်တော့လို့ပဲဖြစ်ပါတယ်” 
“ဒီလိုဖြစ်ရတာဟာ ဦးနှောက်ကို အောက်ဆီဂျင် အပြည့်အဝ မရောက်တော့လို့ပါ၊ တစ်ကြိမ်တစ်ခါထဲမဟုတ်ပါဘူး ထပ်ခါ ထပ်ခါ ဖြစ်နေခဲ့တာပါ” လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း လေကြောင်းကျွမ်းကျင်သူဟောင်း Larry Vance က ကိုယ်ကိုယ်ကို သေကြောင်းကြံစည်မှုအဖြစ် ယုံကြည်ကြောင်း MH370 ပျက်ကျခဲ့မှုအပေါ် သုံးပ်ခဲ့ပါတယ်။
 


Follow us on