1. Home
  2. International News

ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း ပြန်ပေးဆွဲသူအား အထူးတပ်ဖွဲ့မှ ပစ်သတ်

International News ก.พ. 25, 2562 view 1,609
ဖေဖော်ဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)က ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်း “Biman” အား လက်နက်ကိုင်ဆောင်ပြီး ပြန်ပေးဆွဲသည်ဟု စွပ်စွဲခံရသူတစ်ဦးအား အထူးတပ်ဖွဲ့မှ အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း စစ်တပ်မှ သတင်းထုတ်ပြန်ခဲ့သည်။
 
 
လေယာဉ်ပြန်ပေးဆွဲသည်ဟု စွပ်စွဲခံရသူ ”မဟာဒီ”ဟာ အသက် ၂၅ ဝန်းကျင် ဘင်္ဂလားလူမျိုးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ‘ချီတာဂွန်’ မြို့လေဆိပ်သို့ ဆင်းသက်ခဲ့ပြီး မကြာမီမှာ အထူးတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဒူဘိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပျံသန်းသည့် Biman လေကြာင်းလိုင်းအမှတ် BG 147 တွင် ခရီးသည် ၁၄၈ ဦး လိုက်ပါလာခဲ့ပြီး ခရီးသည်များအားလုံးကို ဘေးကင်းစွာပြန်လည် ကယ်တင်နိုင်ခဲ့သည်။ လေယာဉ်ပေါ်ပါသူ ခရီးသည်တစ်ဦး၏ အဆိုအရ ဒါကာလေဆိပ်မှ ပျံတက်ပြီး ၁၀ မိနစ်ခန့်အကြာမှာ အဆိုပါအမျိုးသားက သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ကြောင်း သတင်းထောက်များကို ‘ချီတာဂွန်’မြို့ လေဆိပ်တွင် ပြောကြားခဲ့သည်။
 
 
ပြန်ပေးဆွဲရန် ကြိုးစားသူ အမျိုးသားဟာ ဝန်ကြီးချုပ် “ရှိတ်ခ်ဟာဆီနာ” နဲ့ စကားပြောလိုကြောင်း တောင်းဆိုခဲ့သည်။ သူ့မှာ ပစ္စတိုသေနတ်တစ်လက် ရှိတယ်လို့လည်း ပြောခဲ့ပြီး သေနတ်ဟာ အတုလားအစစ်လားဆိုတာ သေချာမသိဘူးဟု ပြောဆိုခဲ့ပါတယ်။
လေယာဉ်အမှုထမ်းတွေက လေယာဉ်ပြန်ပေးဆွဲခံရနိုင်တဲ့ အခြေနေကြောင့် လေယာဉ်ကို ပြန်လှည့်ခဲ့ပြီး ‘ချီတာဂွန်’မြို့ရှိ Shah Amanat International airport လေဆိပ်ကို ပြန်လည် ဆင်းသက်ခဲ့ပါတယ်။
 
စစ်တပ်အရာရှိများရဲ့အဆိုအရ လက်နက်ချဖို့ ပြောခဲ့ပေမယ့် ငြင်းဆန်ခဲ့တာကြောင့် အခုလို ပစ်ခတ်လုက်ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့အနီးမှာ ပစ္စတိုတစ်လက်ကလွဲပြီး အခြားဘာမှ မတွေ့ရဘူးလို့ဆိုပါတယ်။ 
အစောပိုင်းသတင်းများမှာတော့ လေယာဉ်ပျံပေးဆွဲရန် ကြိုးစားသည်ဟု စွပ်စွဲခံရသူမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။


Follow us on