1. Home
  2. International News

လူသတ်မှုနဲ့ ၃၉ နှစ်ကြာ မှားယွင်းထောင်ကျခံခဲ့ရသူ ဒေါ်လာ ၂၁ မီလီယံ နစ်နာကြေးရရန်ရှိ

International News ก.พ. 25, 2562 view 1,504
အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သော “Craig Coley” ဆိုသူဟာ ၁၉၇၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှုအတွက် စွပ်စွဲဖမ်းဆီးခံခဲ့ရပြီး ၃၉ နှစ်ကြာ ထောင်ဒဏ်ကျခံနေရာမှာ အမှုမှာ မှားယွင်းဖမ်းဆီးခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး နစ်နာကြေးအဖြစ် ဒေါ်လာ ၂၁ မီလီယံကို လျော်ကြေးပေးရန် ပြီးခဲ့တဲ့ စနေနေ့က သက်ဆိုင်ရာ မြို့တော်အဖွဲ့အစည်းက ကြေညာခဲ့သည်။
 
၁၉၇၈ ခုနှစ်က ‘Rhonda Witch’ ဆိုသူ အမျိုးသမီးနဲ့ သူမ၏ အသက် ၄ နှစ်အရွယ် သားလေးတို့ နှစ်ဦးစလုံး သတ်ခံရမှုအတွက် “Craig Coley” ကို စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထောင်ထဲမှာ ၃၉ ကြာနှစ်နေခဲ့ရတာဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ထောင်သက်အရှည်းဆုံးဖြစ်ကြောင်း Simi Valley မြို့က ပြောကြားခဲ့ပါတယ်။
 
“Mr.Coley ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတဲ့အချိန်တွေ နာကျင်ခံစားရမှုတွေဟာ ဘယ်လိုငွေကြေးပမာဏနဲ့မှ ပြန်အလျော်ပေးလို့လည်း ကျေမှာမဟုတ်ပါဘူး၊ အခုလိုအတတ်နိုင်ဆုံး ဖြေရှင်းပေးတာဟာ Mr.Coley နဲ့ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်အတွက် မှန်ကန်တဲ့ အလုပ်ကို လုပ်တာပါ” ဟု မြို့တော်မန်နေဂျာ Eric Levitt က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
မြို့တော်အနေနဲ့ ၄.၉ မီလီယံ ပေးသွားမှာဖြစ်ပြီး ကျန်တဲ့ ငွေကြေးကိုတော့ အာမခံဌါနနဲ့ အခြားသောရင်းမြစ်တွေကနေ ရလာမှာဖြစ်ကြောင်း သတင်းမှာဖော်ပြခဲ့ပါတယ်။
 
Mr.Coley ဖမ်းဆီးခံရစဉ်က အသက် ၃၁ နှစ်အရွယ်ဖြစ်ပြီး ထိုနေ့က နံနက် ၄ နာရီခွဲထိ စားသောက်ဆိုင်တစ်ဆိုင်မှာ အပေါင်းသင်းတွေနဲ့ ရှိနေခဲ့ပြီး နံနက် ၄ နာရီ ၄၅ လောက်မှာ သူငယ်ချင်းတစ်ယောက်ကို ပြန်လိုက်ပို့ပြီး အိမ်ပြန်ခဲ့ပါတယ်။
ရဲတွေဟာ Mr.Coley ရဲ့အိမ်ကို ရှာဖွေစဉ်မှာ သွေးစွန်းနေတဲ့ မျက်နှာသုတ်ပဝါနဲ့ ကလေးဝတ် တီရှပ်အင်္ကျီတို့ကို တွေ့ခဲ့ပြီး ပထမအဆင့် လူသတ်တရားခံအဖြစ် ကောက်ချက်ချကာ ဖမ်းဆီးခဲ့ပြီး သေဒဏ်ပေးရန် လုံလောက်တဲ့ အချက်ကို ရှာဖွေမည်ဖြစ်ကြောင်း တရားလိုရှေ့နေက ကြေညာခဲ့သည်။
 
အမှုရင်ဆိုင်ခဲ့ရပြီးနောက် လုံးဝလွှတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ်တစ်သက် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဆယ်စုနှစ်များကြာခဲ့ပြီးမှ အဆိုပါအမှုအား ပြန်လည်စစ်ဆေးခဲ့ရာ Mr.Coley ဟာ ပြစ်မှုကျူးလွန်သူမဟုတ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး မှားယွင်းစွာထောင်ဒဏ်ချခံရပြီး ၃၉ နှစ်ကြာ ထောင်ထဲမှာ အကျဉ်းကျခံခဲ့ရတဲ့အတွက် လျှော်ကြေးပေး ကြေအေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
 


Follow us on