1. Home
  2. International News

ကင်ဂျုံအန် အယောင်ဆောင်ထားသူကို ဗီယက်နမ်မှ ပြည်နှင်ဒဏ်ပေး (ရုပ်သံ)

International News ก.พ. 26, 2562 view 1,556
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ထပ်မံတွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်တာကြောင့် ကင်ဂျုံအန် အယောင်ဆောင်ထားသူ ဟောင်ကောင်နိုင်ငံသားကို ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်။
 
 
ကင်ဂျုံအန် အယောင်ဆောင်ထားသူ “Howard X” ဆိုသူဟာ ၎င်းနည်းတူ ဒေါ်နယ်ထရမ့် အယောင်ဆောင်ထားသည့် ကနေဒါနိုင်ငံသား “Russel White” နဲ့အတူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိပ်သီးဆွေးနွေးပွဲ အတုအယောင်လုပ်ပြီး လူတွေကို လှည့်စားမှုနဲ့ ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှု ခံခဲ့ရပါတယ်။
 
ဗီယက်နမ် အာဏာပိုင်တွေက ကင်ဂျုံအန် အယောင်ဆောင်ထားသူ “Howard X” ရဲ့ နိုင်ငံကူးလက်မှတ်ဟာ အကြုံးမဝင်တော့ဘူးလို့ ကြေညာခဲ့တာကြောင့် “Howard X” က သူ့ရဲ့ အပြောင်အပျက်ဟာသလုပ်မှုကြောင့် ဗီယက်နမ်ကနေ ပြည်နှင်ဒဏ်ပေးလိုက်ပြီလို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။
 
သူတို့နှစ်ဦး အပျော်သဘောနဲ့ ဆင်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲအတုမှာတော့ “Howard X” က ကင်ဂျုံအန် ပုံစံနဲ့ အနက်ရောင်အင်္ကျီကိုဝတ်ဆင်ထားခဲ့ပါတယ်၊ အဲဒီအချိန်မှာ ဒေါ်နယ်ထရမ့်အတု ““Russel White” ကလည်း သူ့ရဲ့နောက်လိုက် အဖွဲ့တွေကို သတင်းထောက်ယောင်ဆောင်ခိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် လာရောက်တဲ့ ပုံစံနဲ့ လူတွေကို အရူးလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်စလုံး ရဲဖမ်းခံခဲ့ရပြီး လေဆိပ်ကို ပြန်ပို့ခံခဲ့ရပါတယ်။
 
 
ဒေါ်နယ်ထရမ့်အတု ““Russel White” ကိုတော့ ပြည်နှင်ဒဏ်မပေးခဲ့ပေမယ့် နောက်ထပ် အမေရိကန်သမ္မတယောင်ဆောင်ပြီး လူတွေကို အရူးမလုပ်ဖို့ တားမြစ်သတိပေးခံခဲ့ရပါတယ်။
“Howard X” အနေနဲ့ သူ့ကိုဘာကြောင့် ပြည်နယ်ဒဏ်ပေးရလည်းဆိုတာ ဗီယက်နမ်အာဏာပိုင်တွေက ဖြေရှင်းချက်မပေးခဲ့ဘူးလို့ ဆိုပါတယ်။ 
 
သူတို့နှစ်ဦး ကင်ဂျုံအန် နှင့် ဒေါ်နယ်ထရမ့် အယောင်ဆောင်ပြီး လူတွေကို အရူးလုပ်ခဲ့ကြလည်းဆိုတာ ရုပ်သံမှာ ကြည့်ရှုကြပါဦး။ အယောင်ဆောင်ပြီး လူတွေကို အရူးလုပ်ခဲ့ကြလည်းဆိုတာ ရုပ်သံမှာ ကြည့်ရှုကြပါဦး။
 


Follow us on