1. Home
  2. International News

အိန္ဒိယတိုက်လေယာဉ်ကို ပါကစ္စန်ပစ်ချပြီးနောက် လေယာဉ်မှူးအားဖမ်းဆီး (ရုပ်သံ)

International News ก.พ. 28, 2562 view 1,907
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နယ်မြေ ကတ်ရှမီးယား လေကြောင်းနယ်နိမိတ်ထဲသို့ ဖြတ်ကျော်ပျံသန်းလာသော အိန္ဒိယတိုက်လေယာဉ် နှစ်စင်းကို ပါကစ္စန်ဘက်က ပစ်ချခဲ့ပြီးနောက် ဖမ်းဆီးရမိသော လေယာဉ်မှူးကို မီဒီယာပေါ်ကနေ ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
 
 
ပထမဖော်ပြခဲ့သော ဓါတ်ပုံမှာ အိန္ဒိယလေတပ်ဝတ်စုံနဲ့ မျက်နှာကို အဝတ်စည်းထားပြီး လက်ကိုနောက်ပြန်တုပ်နှောင်ထားတဲ့ လေယာဉ်မှူးရဲ့ ပုံကို ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင် အမှတ်နဲ့ အမည်ကို မေးမြန်ရာမှာ ဖြေကြားခဲ့ပေမယ့် အခြားသတင်းအချက်လက်တွေကို မေးမြန်ရာမှာတော့ ပြောခွင့်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ အဆိုပါလေယာဉ်မှူးဟာ အန္ဒိယလေတပ်က ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
 
နောက်ထက် နာရီအနည်းငယ်အကြာမှာပဲ ပါကစ္စတန်စစ်တပ်က အဆိုပါလေယာဉ်မှူးကို အခန်းတစ်ခန်းထဲမှာထားပြီး ထိုင်နေလျှက် ရေနွေးကြမ်းသောက်ကာ ဖြေကြားစစ်ဆေးနေတဲ့ ရုပ်သံကို လွှင့်တင်ခဲ့ပါတယ်။
သူဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း သူ့ကို ပါကစ္စတန်တို့က ကောင်းကောင်းမွန်မွန် ဆက်ဆံကြောင်း ပြောထားပြီး အခြားမေးခွန်းတွေကိုတော့ မဖြေကြားနိုင်ကြောင်း ယဉ်ကျေးစွာ တုံ့ပြန်ဖြေကြားထားတာကို တွေ့ရပါတယ်။
 
 
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယတိုက်လေယာဉ် ပစ်ချခံရတာကို နှစ်နိုင်ငံစလုံးက ဟုတ်မှန်ကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့နယ်မြေထဲဝင်လာတဲ့ တိုက်လေယာဉ်နှစ်စီးကို ပစ်ချခဲ့ပြီး လေယာဉ်မှူးနှစ်ယောက်စလုံးကို ဖမ်းဆီးထားပေမယ့် အိမ်နီးချင်းနိုင်ငံအချင်းခြင်း စစ်မဖြစ်လိုဘူးလို့ ပါကစ္စတန်ရဲ့ မြို့တော် အစ္စလာမ်ဘတ် ကနေ ပြောကြားခဲ့ပါတတယ်။
 
ပစ်ချခံရတဲ့ လေယာဉ်နှစ်စီးမှာ တစ်စီးက ပါကစ္စတန်ထိန်းချုပ်နယ်မြေ ကတ်ရှမီးယားထဲ ပျက်ကျခဲ့ပြီး အခြားတစ်စင်းမှာတော့ အိန္ဒိယနယ်စပ်အနီးကိုပျက်ကျခဲ့ကြောင်း လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အခြားလေယာဉ်မှူးမှာ ဆေးရုံတင်ထားရကြောင်း ပါကစ္စတန်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ Major General Asif Ghafoor က ပြောကြားခဲ့ပါတယ်။
 
အိန္ဒိယဘက်ကတော့ သူတို့လေယာဉ်တစ်စီးသာ ပစ်ချခံခဲ့ရတယ်လို့ ပြောဆိုခဲ့သလို၊ သူတို့ကလည်း ပါကစ္စတန် တိုက်လေယာဉ်တစ်စီးကို ပြန်လည်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပါကစ္စန်ဘက်ကတော့ သူ့တို့ရဲ့လေယာဉ် ပစ်ချခံရတယ်ဆိုတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။


Follow us on