1. Home
  2. International News

ကြောက်မက်ဖွယ် ကိုင်ရိုမြို့က ရထားမတော်တဆမှုကြီး (ရုပ်သံ)

International News ก.พ. 28, 2562 view 1,649
အီဂျစ်နိုင်ငံတွင် အလက်ဇန်ဒရီယာမြို့မှ ကိုင်ရိုမြို့ သို့ ခုတ်မောင်းလာသော ခရီးသည်တင်ရထားကြီး ကိုင်ရိုရထားဘူတာရုံအား အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့မှုကြောင့် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦးထက်မနည်း သေဆုံးကာ ၄၇ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
 
 
 
ဖေဖော်ဝါရီ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းက အီဂျစ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် အလက်ဇန်ဒရီယာမြို့မှ မြို့တော်ကိုင်ရိုသို့ ခုတ်မောင်းလာစဉ် ဘူတာအရောက် လမးဆုံးနေရာကို ကျော်ထွက်ကာ လမ်းချော်ပြီးနောက် ဘူတာကိုဝင်တိုက်ခဲ့ပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
 
 
 
 
 
ဖြစ်စဉ်ကြောင့် အီဂျစ်နိုင်ငံတွင် အလုပ်များဆုံ အစည်ကားဆုံးဖြစ်သည့် ရမ်ဆက်ဘူတာရုံကြီးကို ယာယီပိတ်ထားခဲ့ရပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်သည်။ သေဆုံးသည့်လူများ တိုးလာဖွယ်ရာရှိကြောင်း ကိုင်ရိုဘူတာဆေးရုံမှ အကြီးအကဲဖြစ်သူ မိုဟာမက် က ပြောဆိုခဲ့သည်။ 
မတော်တဆမှုဖြစ်ပွားပြီး မကြာမီမှာပင် အီဂျစ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။
 


Follow us on