1. Home
  2. International News

အိန္ဒိယနဲ့ ပါကစ္စတန် အရေးကြောင့် ရာနဲ့ချီတဲ့ခရီးသည်များ လေဆိပ်များတွင်သောင်တင်

International News ก.พ. 28, 2562 view 1,474
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံဘက်မှ တိုက်လေယာဉ်များ အပြန်အလှန်ပစ်ချခံခဲ့ရပြီးနောက် ဥရောပသို့ပျံသန်းမည့် လေကြောင်းလိုင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်သည့်အတွက် ရာနဲ့ချီတဲ့ နိုင်ငံခြားသားခရီးသည်များ အရှေ့တောင်အာရှ လေဆိပ်တွေမှာ သောင်တင်ပိတ်မိနေခဲ့ပါတယ်။
 
 
ထိုင်းလေကြောင်းလိုင်းနဲ့ အန်းမရိတ်စ်(Emirates)လေကြောင်းလိုင်းတို့ဟာ နှစ်နိုင်ငံတင်းမာမှုများကြောင့် လေကြောင်းနယ်နိမိတ်တွေ ပိတ်ထားတဲ့အတွက် ပါကစ္စတန်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်တာကြောင့် ရာနဲ့ချီတဲ့ ခရီးသည်တွေ ပိတ်မိနေသလို အခြားအရှေ့တောင်အာရှ လေဆိပ်တွေမှာလည်း ခရီးသည်တွေ ပိတ်မိနေပါတယ်။
 
 
ထိုင်းလေကြောင်းလိုင်းဟာ ဥရောပခရီးစဉ်တွေကို ပိတ်သိမ်းဖို့ ဖိအားပေးခံခဲ့ရပြီး ထွက်ခွာပျံတက်သွားတဲ့ လေယာဉ်တွေကိုလည်း ချက်ခြင်းပြန်လှည့်ဖို့ သတိပေးခံခဲ့ရပါတယ်။ ၁၃ နာရီကြာမျှ ပျံသန်းရမည့် ဥရောပခရီးစဉ်တွေမှာ ပါကစ္စတန်နဲ့ အိန္ဒိယလေပိုင်နက်ထဲကနေ ဖြတ်ကျော်ပျံသန်းရတာကြောင့် လက်ရှိနှစ်နိုင်ငံ တင်းမာနေတဲ့ အခြေနေပေါ်မူတည်ပြီး အခုလို ခရီးစဉ်တွေ ဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။
 
အန်းမရိတ်စ်(Emirates) နဲ့ ကာတာ လေကြောင်းလိုင်းတို့လည်း ပါကစ္စတန်ကို ပျံသန်းမယ့် ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ကနေဒါလေကြောင်းလိုင်းအပါအဝင် Etihad, flydubai, Gulf Air, SriLankan Airlines စတဲ့ လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေလည်း ဖျက်သိမ်းလိုက်ရပါတယ်။ စင်ကာပူလေကြောင်းလိုင်းနဲ့ ဗြိတ်သျှလေကြောင်းလိုင်းတို့က ခရီးသည်တွေအတွက် အခြားလေယာဉ်လမ်းကြောင်းကနေ ပျံသန်းဖို့ စီစဉ်နေတာကို လေကြောင်းထောက်လှမ်းရေး အချက်ပြစနစ်ကနေ တွေ့ရပါတယ်။
 
 
လေဆိပ်မှာ ပိတ်မိနေတဲ့ ခရီးသည်တွေအနေနဲ့ အစာရေစာ ပြတ်လပ်နေပြီး နောက်ထက် လေကြောင်းလိုင်းရဲ့ အချိန်ဇယားနဲ့ ပက်သက်ပြီး ဘာမှသတင်းမရသေးဘူးလို့ ပြောဆိုပါတယ်။ လေယာဉ်အမှူထမ်းတွေအနေနဲ့ ဘာမှရေရေရာရာ မသိရသေးတဲ့အတွက် ခရီးသည်တွေကို ထိထိရောက်ရောက် အကူညီမပေးနိုင်ပဲ တန်းစီတဲ့နေရာမှာပဲ ဆက်ပြီးတန်းစီနေကြဖို့သာ ပြောကြားတယ်လို့ သိရပါတယ်။
 
 
ထိုင်းလေကြောင်းလိုင်းအနေနဲ့ ဥရောပခရီးစဉ်အတွက် အချိန်ဇယားပြန်ရေးဆွဲဖို့ အရေးပေါ်အစည်းအဝေးခေါ်မယ်လို့ လေကြောင်းလိုင်းဥက္ကဋ္ဌ Sumeth Damrongchaitham က ပြောကြားခဲ့ပါတယ်။ ထိုင်းလေကြောင်းလိုင်းဟာ ဥရောပနိုင်ငံ ၁၃ နိုင်ငံကို နေ့စဉ်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်ကြီးလည်းဖြစ်ပါတယ်။


Follow us on