1. Home
  2. International News

ညှိနှိုင်းမှု မပြေမလည်ဖြစ်ပြီး မြောက်ကိုရီးယားက နျူကလီးယား ပြန်လည်လုပ်ဆောင်

International News มี.ค. 07, 2562 view 1,470
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ညှိနှုင်းမှုများ တစ်ခုမှ မရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားရဲ့ နျူကလီးယား ဒုံးကျည်စမ်းသပ်ရေးစခန်း ပြန်လည် အလုပ်လုပ်နေကြောင်း ကျွမ်းကျင်သူများက အပြည့်အဝယုံကြည်ထားကြသည်။
 
 
အမေရိကန်စစ်ရေး သုံးသပ်မှုနဲ့ တောင်ကိုရီးယား စစ်ရေးသတင်းဌါနနဲ့ အဆိုအရ မြောက်ကိုရီးယားဟာ အာကာသပတ်လမ်းကြောင်းထဲကို လွှတ်တင်စမ်းသပ်မည့် ဂြိုလ်တုတည်ဆောက်ရေး လုပ်ငန်းခွင် ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
ဂြိုလ်တုမှရရှိတဲ့ စောင့်ကြည့်ပုံရိပ်များအရ ပြီးခဲ့တဲ့ သြဂုတ်လထဲက ငြိမ်သက်နေတဲ့ “တုန်ချန်းရီ” စက်ရုံဟာ ပြန်လည် အသက်ဝင်လှုပ်ရှားမှု ပုံရိပ်တွေ တွေ့ရပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကိုဖေဖော်ဝါရီ ၁၆ ကနေ မတ်လ ၂ ရက် အတွင်း ဒါမှမဟုတ် ဒီထက်စောတဲ့ အချိန်ထဲက စတင်နေတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တွေ့ရှိရတဲ့ ပုံရိပ်တွေနဲ့ ပက်သက်ပြီး CIA အနေနဲ့ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။
 


Follow us on