1. Home
  2. International News

ရွေးကောက်ပွဲနေ့များတွင် အရက်သေစာ ဖြန့်ဖြူးရောင်းချခွင့် ထိုင်းပိတ်ပင်

International News มี.ค. 13, 2562 view 1,504
ထိုင်းနိုင်ငံတွင် ယခုမတ်လအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲနေ့များတွင် အရက်သေစာ ဖြန့်ဖြူးရောင်းချမှုကို ၂၄ နာရီကြာ ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
လာမည့် မတ်လ ၁၇ ရက်(တနင်္ဂနွေနေ့) တွင် အကြိုမဲပေးမှုများ ပြလုပ်သွားမယ်ဖြစ်သဖြင့် မတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီမှ နောက်တစ်နေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၆ နာရီထိ အရက်သေစာ ဖြန့်ဖြူးရောင်းချခြင်းများ ပိတ်ပင်သွားမည်ဖြစ်သည်။
 
ထို့ပြင် အထွေထွေရွေးကောက်ပွဲနေ့ဖြစ်သည့် မတ်လ ၂၄ ရက်နေ့တွင်လည်း ၂၃ ရက် ညနေမှစကာ ၂၄ ရက် ညနေ ၆ နာရီထိ အထက်ပါအတိုင်း ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ အပတ်က အတည်ပြုခဲ့ကြောင်း သိရှိရသည်။
 
 
Pol Col Jarungwit Phumma (ရွေးကော်ပွဲကော်မရှင် အတွင်းရေးမှူး)
 
အဆိုပါနေ့တွင် မင်္ဂလာဆောင်များ၊ ပါတီပွဲများရှိပါက စီစဉ်ထားသည့်အတိုင်း ကျင်းပဆင်နွှဲနိုင်သော်လည်း ယင်းပွဲများတွင် အရက်သေစာ မပါဝင်ရဟု ထုတ်ပြန်ထားသည်။ ထို့ပြင် ရွေးကောက်ပွဲနဲ့ မသက်ဆိုင်တဲ့ မဲခွဲစစ်တမ်းကောက်ယူမှုများကို အထွေထွေရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်ထိ ခွင့်ပြုထားကြောင်း သိရှိရသည်။
 


Follow us on