1. Home
  2. International News

တန်ဖိုးမြင့်ကားများတင်ဆောင်လာသော ကားသင်္ဘော မီးလောင်နစ်မြုတ် (ရုပ်သံ)

International News มี.ค. 21, 2562 view 1,837
ဒေါ်လာသန်းပေါင်းများစွာတန် တန်ဖိုးကြီး ဇိမ်ခံကားတွေဖြစ်တဲ့ အော်ဒီ နဲ့ ပေါ့ရှေး အမျိုးအစားကားများအပါအဝင် ကားစင်းရေ ၂၀၀၀ တင်ဆောင်လာသည့် ကားတင်သင်္ဘော ပြင်သစ်ကမ်းရိုးတန်းအနီး မီးလောင်နစ်မြုတ်ခဲ့ရပြီး သင်္ဘောသား ၂၇ ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း သင်္ဘောနဲ့အတူ ကားများအားလုံး ပျက်ဆီး ဆုံးရှုံးခဲ့ရသည်။
 
 
The Grande America ကားတင်သင်္ဘောဟာ ဘရာဇီးနိုင်ငံသို့ တန်ဖိုးကြီးကားများကို ပို့ပေးရန် ဦးတည် ခုတ်မောင်းသွာလာနေစဉ် မတ်လ ၁၂ ရက်နေ့က မီးလောင်ကျွမ်း နစ်မြုတ်ခဲ့ခြင်းဖြစ်သည်။ ရေလယ်ကောင်တွင် မီးလောင်ကျွမ်းခဲ့သဖြင့် ဗြိတိသျှရောတပ်မှ သင်္ဘောသား ၂၇ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
 
 
သင်္ဘောနစ်မြုတ်မှုကြောင့် စတာလင်ပေါင် ၈.၁ သန်း တန်ဖိုးရှိ Porsche ကား ၃၇ စင်း နဲ့အတူ တန်ဖိုးကြီး Audi A3s, A5s, Q7s, RS4s နဲ့ RS5s မော်ဒယ်များလည်းပါဝင်သွားခဲ့သည်။ အဆိုပါကားများအတွက် နစ်နာဆုံးရှုံးခဲ့သော ဝယ်ယူသူများအား အမြန်ဆုံး ပြန်လည် အစားထိုးပို့ဆောင်သွားမည်ဖြစ်ကြောင်း ဂျာမန်ကားကုမ္ပဏီက အကြောင်းကြားစာများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
 
 
 


Follow us on