1. Home
  2. International News

အဝီစိတွင်းထဲ ပြုတ်ကျခဲ့တဲ့ ၁ နှစ်သားလေး နှစ်ရက်အကြာ အသက်ရှင်လျှက်ပြန်ဆယ်

International News มี.ค. 25, 2562 view 1,551
အနက် ပေ ၆၀ ရှိတဲ့ အဝိစိတွင်း တစ်ခုထဲကို ဆော့ကစားရင်း ပြုတ်ကျသွားခဲ့တဲ့ အသက် ၁၈ လအရွယ် ကလေးလေးကို ၄၈ နာရီကြာပြီးမှ အသက်ရှင်လျှက်နဲ့ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြသည်။
 
အိန္ဒိယနိုင်ငံ ဟာယာနည်ပြည်နယ် ကျေးရွာတစ်ရွာတွင် ကလေးက မိခင်၊ မောင်နှမများနဲ့အတူ သစ်သီးခူးသွားစဉ် အဝီစိတွင်းကြီးထဲ မတော်တဆပြုကျခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဗုဒ္ဓဟူနေ့ ညနေပိုင်းက ကလေးဟာ အဖော်များနဲ့ ကစားနေစဉ် ရုတ်တရက်အမှတ်မထင် တွင်းထဲခြေချော်ကျခဲ့ရတာဖြစ်ပါတယ်။
 
 
မိသားစုဝင်တွေက သူတို့ကိုယ်တိုင် ကလေးကို ပြန်ကယ်လို့မရတဲ့အဆုံးမှာ ပတ်ဝန်းကျင်ကို အသိပေးအကူညီတောင်းရာကနေ သတင်းပျံ့နှံ့သွားခဲ့ပါတယ်။ နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့စည်းက ရောက်ရှိလာပြီး အဆိုပါနေ့ ညနေ ၆ နာရီထဲက ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ပါတယ်။
 
 
တွင်းထဲကို အောက်ဆီဂျင်ဗူးတွေ စားစရာ ဘီစကစ်နဲ့ သောက်စရာဖျော်ရည်တို့ကို ကလေးအတွက် ဦးစွာချပေးခဲ့ကြပါတယ်။ အဲဒီနောက် ရေတွင်း နှုတ်ခမ်းဝရဲ့ ပေ ၂၀ ပတ်လည်ကို တွင်းတူးစက်ကြီးတွေနဲ့ တူးခဲ့ကြပါတယ်။ ကလေးနဲ့နီးလာတာနဲ့အမျှ စက်မသုံးတော့ပဲ လူအင်အားနဲ့ ဆက်ပြီးတူးခဲ့ကြပါတယ်။
 
 
နောက်ဆုံးမှာတော့ ၄၈ နာရီအကြာမှာ ကလေးကို အသက်ရှင်လျှက်နဲ့ ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။ အာဏာပိုင်များရဲ့အဆိုအရ ယင်းအဝိစိတွင်းမှာ ခိုးတူးထားတဲ့တွင်းဖြစ်ပြီး ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ပြောကြားခဲ့ပြီး တွင်းတူးတဲ့တရားခံကို တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
 


Follow us on