1. Home
  2. International News

လစာရဲ့ ၈၀% ကို လစဉ်လှူဒါန်းတဲ့ကျောင်းဆရာ ကမ္ဘာ့လုံးဆိုင်ရာကျောင်းဆရာဆု ရရှိ

International News มี.ค. 25, 2562 view 1,695
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာကျောင်းဆရာဆုကြီးကို ဝေးလံသီခေါင်ပြီး ဆင်းရဲနွမ်းပါးတဲ့ ကင်ညာနိုင်ငံက ကျေးရွာတစ်ရွာက သင်္ချာနဲ့ ရူပဗေဒသင်ကြားသူ အလယ်တန်းပြဆရာ “Peter Tabichi” က ဆွတ်ခူးသွားခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပါတယ်။
 
ပြီးခဲ့တဲ့ စနေနေ့က ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ ဆုချီးမြှင့်ပွဲမှာ ဟောလိဝုဒ်စတား “Hugj Jackman” က အစီစဉ်တင်တက်သူအဖြစ် ပါဝင်ခဲ့ပါတယ်။ “Peter Tabichi” ဟာ ကလေးတွေကို ပညာသင်ကြားပေးရုံမျှမက သူရရှိတဲ့ လခရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း ဆင်းရဲနွမ်းပါးသူတွေကို လစဉ်ပေးလှူကူညီတဲ့ ဆရာဖြစ်ကြောင်း ပွဲစီစဉ်သူက ပြောကြားခဲ့ပါတယ်။
 
အာဖရိကရဲ့ နေ့စဉ်ဘဝတွေကို စာမျက်နှာသစ်တွေ ကျွန်တော်တို့ ကြိုးစားပြီးဖွင့်ပေးနေပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို အသိမှတ်ပြုတာ မဟုတ်ပါဘူး၊ အာဖရိကတိုက်ကြီးတစ်ခုလုံးက ကလေးတွေကို အသိမှတ်ပြုလိုက်တာပါ။ ကျွန်တော့်ကျောင်းသားလေးတွေရဲ့ စွမ်းဆောင်ရည်မပါပဲနဲ့ ကျွန်တော် စင်မြင်ထက်မှာ ခုလိုရှိနေနိုင်မှာ မဟုတ်ပါဘူး” လို့ “Peter Tabichi” က ပြောကြားခဲ့ပါတယ်။
 
 
ဒူဘိုင်းအခြေစိုက် Varkey ဖောင်ဒေးရှင်းက ဒီဆုပေးပွဲကို စီစဉ်ခဲ့ပြီး ဆရာတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုချီးမြောက်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာ အခုဆိုရင် ၅ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ 
“Peter Tabichi” ဟာ အသက် ၃၆ နှစ်အရွယ် အလယ်တန်းပြဆရာဖြစ်ပြီး ကင်ညာနိုင်ငံရဲ့ မဖွံ့ဖြိုးသေးတဲ့ Pwani ရွာမှာ အလယ်တန်းဆရာအဖြစ် လုပ်ကိုင်နေသူပါ။
 
သူ့ရဲ့ကျောင်းသား ၉၅ ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့မိသားစုက ကလေးတွေဖြစ်ပြီး အများအားဖြင့် မိဘမဲ့ ဒါမှမဟုတ် မိဘမစုံတဲ့ ကလေးတွေများပြီး အိမ်မှာစားစရာမရှိတဲ့သူတွေများတယ်လို့ ဖော်ပြခဲ့ပါတယ်။ မူးယစ်ဆေးစွဲတာ၊ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရတာ၊ ကျောင်းထွက်သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မူတွေဟာ အဲဒီဒေသက ကလေးတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တွေတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
 
အချို့ကလေးတွေဟာ အိမ်ကနေ ကျောင်းကိုရောက်ဖို့ ၄ မိုင်ခရီး ခြေလျှင်လာကြပြီး မိုးတွင်းတွေမှာဆိုရင် ကျောင်းတက်ဖို့တောင် အခက်အခဲရှိပါတယ်။ ကျောင်းမှာဆိုရင် ကျောင်းသား ၅၈ ယောက်မှ ဆရာတစ်ယောက်ပဲရှိပါတယ်။
အခုလို “Peter Tabichi” အနေနဲ့ ကမ္ဘာလုံးဆိုင်ရာကျောင်းဆရာဆုကို ရရှိခဲ့တဲ့အပေါ် ကင်ညာသမ္မတက ရုပ်သံမက်ဆေ့ခ်ျပေးပို့ကာ ဂုဏ်ပြုခဲ့ပါတယ်။


Follow us on