1. Home
  2. International News

ဇနီးသည်နဲ့ရန်ဖြစ်ပြီး လေယာဉ်နဲ့ တိုက်သတ်သူ လေယာဉ်မှူးသေဆုံး (ရုပ်သံ)

International News มี.ค. 26, 2562 view 1,541
ပါတီပွဲတစ်ခုကို တက်ရောက်လာတဲ့ လင်မယားနှစ်ယောက် လူကြားထဲမှာ ရန်ဖြစ်စကားများခဲ့ကြပြီး ခင်ပွန်းဖြစ်သူ လေယာဉ်မှူးက ဒေါသအိုးပေါက်ကွဲကာ အနီးနားရှိ အပျော်စီးလေယာဉ် အသေးစားကို ပိုင်ရှင်မသိအောင် တက်မောင်းခဲ့ပြီးနောက် မိန်းမကို သေစေရန် အဆောက်အဦးဆီ အရှိန်နဲ့ပျံသန်းခဲ့ ဝင်တိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲပြီး သေဆုံးခဲ့ရသည်။
 
 
တောင်အာဖရိနယ်စပ်အနီးရှိ ဘော့စ်ဝါနာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေးမီးဖွားခါနီး အကြိုကျင်းပလေ့ရှိသည့် Baby Shower ပွဲအခမ်းနားကို တက်ရောက်လာတဲ့ လင်မယားနှစ်ဦး စကားများရာမှ ခင်ပွန်းဖြစ်သူက မိန်းမကို လူပုံအလယ်တွင် ပါးရိုက်ခဲ့တာကြောင့် အနီးနားရှိ အမျိုးသားများက အမျိုးသမီးတစ်ဦးကို ယခုလိုကြမ်းတမ်းစွာ ဆက်ဆံသည့်အပေါ် သူ့ကို ဝိုင်းဝန်းဆဲဆိုပြစ်တင်ပြီး နှင်ထုတ်ခဲ့ကြသဖြင့် ဒေါသထွက်ပြီး လေယာဉ်တစ်စင်းကို တက်မောင်းကာ အရှိန်ဖြင့် မြေပြင်နားမှ ကပ်ပျံပြီး အားလုံးသေစေရန် ရည်ရွယ်ပြီး ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
 
 
အဆောက်အဦးအားလေယာဉ်ဖြင့် ဝင်တိုက်မှုကြောင့် အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး လေယာဉ်မှူးမှာ သေဆုံးသွားခဲ့သော်လည်း သူ၏ ဇနီးနဲ့ ပရိသတ်များအားလုံး အန္တရာယ်မှ လွတ်ကင်းခဲ့ကြသည်။ စိတ်ဆိုးကာ အဆောက်အဦးထဲမှ ထွက်သွားခဲ့တာကို တစ်ခုခုလုပ်တေ့မည်ဟု သံသယဝင်ခဲ့ပြီးနောက် အားလုံးရှောင်ထံက်ခဲ့ကြသဖြင့် လွတ်မြောက်သွားကြခြင်းဖြစ်သည်။
 
 
သေဆုံးခဲ့သူမှာ Kalahari Air Service မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မှူး Charl Vilijoen ဖြစ်ပြီး ဒီပွဲကို တက်ရောက်ဖို့ သူ့ကို ဖိတ်ကြားထားခြင်းမရှိဖူးဟု ပွဲကျင်းပသူက ပြောဆိုခဲ့ပါတယ်။
 


Follow us on