1. Home
  2. International News

လိင်တူဆက်ဆံမှုအား ကျောက်ခဲဖြင့်ပေါက်သတ်မည့် ပြစ်ဒဏ် ဘရူနိုင်း ပြဌါန်းတော့မည်

International News มี.ค. 28, 2562 view 1,616
လိင်တူခြင်းဆက်ဆံမှုများအပါအဝင် အိမ်ထောင်ရေးဖောက်ပြန်မှုများကို မသေမချင်း ကျောက်ခဲဖြင့်ပေါက်သတ်ရန် သို့မဟုတ် ကြာပွတ်ဖြင့်ရိုက်သတ်ရန်၊ ခိုးမှုကျူးလွန်သူများကို ခြေဖြတ် လက်ဖြတ်မည့် ရှာရီရာ ဥပဒေသစ်ကို ပြဌါန်းဖို့ ဘရူနိုင်းနိုင်ငံမှာ မိတ်ဆက်လိုက်ပြီဖြစ်သည်။
 
အဆိုပါ ဥပဒေသစ်ကို လာမည့်အပတ်မှ စတင်၍ ကျင့်သုံးသွားမည်ဖြစ်ကြောင်း လူအခွင့်အရေးအဖွဲ့အစည်းများက သတိပေးလိုက်သည်။ ဘရူနိုင်းဟာ နိုင်ငံအားဖြင့် သေးငယ်သော်လည်း ရေနံထွက်တဲ့နိုင်ငံဖြစ်တာကြောင့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး သူ့ရဲ့ငွေကြေးတန်ဖိုးဟာ စင်ကာပူဒေါ်လာနဲ့ တိုက်ရိုက် အချိုးကျသော နိုင်ငံငယ်လေးလည်းဖြစ်ပါတယ်။ 
 
လက်ရှိ ရှာရီရာ ဥပဒေအရ လိင်တူခြင်း ချစ်ကြိုက်ဆက်ဆံသူများကို ထောင်ဒဏ် ၁၀ နှစ်နဲ့ အထက် သတ်မှတ်ခဲ့ရာမှ ယခုလာမည့် အပတ်တွင်မူ လိင်တူဆက်ဆံသူများ၊ အိမ်ထောင်ရေး ဖောက်ပြန်သူများကို ကျောက်ခဲဖြင့် မသေမချင်းပေါက်သတ်မည့် ဥပဒေ၊ သူခိုးများအား ခြေလက်အင်္ဂါ ဖြတ်တောက်မည့် ဥပဒေသစ်ကို အစိုးရက စတင်ပြဌါန်း ကျင့်သုံးသွားတော့မှာဖြစ်ပါတယ်။
 
ဘရူနိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ အစ္စလာမ်ရာဇဝတ်မှု ဥပဒေကို ပထမဆုံး လက်ခံကျင့်သုံးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပြီး ၂၀၁၄ ခုနှစ်က စတင်ခဲ့တာပါ။ အရင်ဦးဆုံးအဖြစ် လက်မထပ်ပဲ ကိုယ်ဝန်ရတဲ့အမျိုးသမီးတွေနဲ့ သောကြာနေ့ ဘုရားရှိခိုးဖို့ ပျက်ကွက်သူတွေကို ငွေဒဏ်၊ ထောင်ဒဏ်တွေ တရားဝင်ချမှတ်ခဲ့ပါတယ်။
 
ယခုအသစ်ထုတ်ပြန်မယ့် ရှရီရာ ဥပဒေသစ်ဟာ ကလေးသူငယ်တွေမှာပါ သက်ရောက်မှာ ဖြစ်ပြီး ဥပဒေပုဒ်မကို ဧပြီလ ၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်သွားမှာဖြစ်ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့မှ ပြောကြားခဲ့ပါတယ်။
 
ဒီဥပဒေကို ပြဌါန်းဖို့ ဘရူနိုင်းဘုရင် Sultan Hassanal Bolkiah ကိုယ်တိုင် ဦးဆောင် ညွှန်ကြားတာဖြစ်ပြီး နိုင်ငံရေးအရ ဆန့်ကျင်မှုလုပ်တာတွေ ဘရူးနိုင်းနိုင်ငံတွင်းမှာ မလုပ်ရဲတဲ့အတွက် မရှိသလောက်ရှားပါးပါတယ်။ အခုလို ဥပဒေကို ပြဌါန်းတော့မှာနဲ့ ပက်သက်ပြီး “တော်တော်ဆိုးရွားပါတယ်၊ ဘရူနိုင်းက ရှေးရိုးဆန်တဲ့ အာရပ်နိုင်ငံတွေက ဥပဒေကိုမှ လိုက်တုပရတယ်လို့” ဟု အင်ဒိုနီးရှားနိုင်ငံမှ လိင်တူချစ်သူများ လှုပ်ရှားမှုတွင်ပါဝင်သူ Dede Oetomo က ပြောကြားခဲ့ပါတယ်။
 


Follow us on