1. Home
  2. International News

အရက်မူးကားမောင်းပြီး ယာဉ်တိုက်မှုကြောင့် လူသေဆုံးပါက သေဒဏ်ပေးရန် ထိုင်ဝမ်စီစဉ်

International News มี.ค. 29, 2562 view 1,631
အရက်သေစာ သောက်စားမူးယစ်ပြီး ယာဉ်မောင်းမှုကြောင့် လူသေစေနိုင်လောက်သည့် မတော်တဆမှုများအတွက် ပြစ်ဒဏ်ကို သေဒဏ်အထိ တိုးမြှင့်ချမှန်ရန် ထိုင်ဝမ်နိုင်ငံက စီစဉ်နေပြီဖြစ်သည်။
 
အဆိုပါ ပြင်ဆင်ရေးဆွဲသော ဥပဒေသစ်တစ်ရပ်အတွက် မူကြမ်းကို အစိုးရအဖွဲ့က မတ်လ ၂၈ ရက် ကြာသပတေးနေ့က အတည်ပြုပေးလိုပ်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းဥပဒေကို ပြဌါန်းရန် မူကြမ်းကို လွှတ်တော်က အတည်ပြုပေးရန် လိုအပ်နေသေးသည်။ 
 
လက်ရှိ ဥပဒေအရ မူးယစ်ရမ်းကားပြီး မောင်နှင်ရာမှ လူသေဆုံးမှုအတွက် အမြင့်ဆုံးထောင်ဒဏ်မှာ ၁၀ နှစ်ဖြစ်သည်။ ဥပဒေမူကြမ်းသစ်တွင် အဆိုပါပြစ်မှုမျိုးကို ၅ နှစ်အတွင်း ထပ်ခါထပ်ခါ ကျူးလွန်သူကို ထောင်ဒဏ်တို့မြှင့်ရန်လည်း ပါဝင်သည်။ လူသေဆုံးမှုဖြစ်ပါက ထောင်ဒဏ် တစ်သက်အပါအဝင် အကြီဂအကျယ်ထိခိုက်ဒဏ်ရာရပါက ထောင်ဒဏ် ၁၂ နှစ် ကျခံရဖို့လည်း ရှိပါတယ်။
 
 
မူးယစ်နေတဲ့ ယာဉ်မောင်းတွေကြောင့် လူသေမှုတွေ မြင့်တက်လာနေပါတယ်၊ ဒီလိုယာဉ်မောင်းတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေက လူတွေရဲ့အသက်ကို နှုတ်ယူရုံသာမက ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ ဘဝတွေကိုလည်း ဖျက်ဆီးရာရောက်တယ်” လို့ တရာရေးဝန်ကြီးက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
 
အရက်မူးနေတဲ့ ယာဉ်မောင်းများကြောင့် လူသေဆုံးရတဲ့ မတော်တဆမှုတွေအတွက် သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံတွေက ကမ္ဘာပေါ်မှာ နည်းနည်းလေးပဲရှိပါတယ်။ ဒီဥပဒေကို ပြဌါန်းနိုင်ဖို့အတွက် နှစ်အတော်ကြာ ပြည်သူတွေကြားမှာ စစ်တမ်းကောက်ယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒီစစ်တမ်းတွေအရ သေဒဏ်ချမှတ်ဖို့ကို ထောက်ခံကြောင်းတွေ့ရပါတယ်။


Follow us on