1. Home
  2. International News

တောင်ကိုးရီးယားတွင် တောမီးလောင်မှုကြောင့် လူနေအိမ်များပါပျက်ဆီး

International News เม.ย. 05, 2562 view 1,518

တောင်ကိုးရီးယား သမ္မနိုင်ငံတော်အစိုးရဟာ ဧပြီလ (၅) ရက်နေ့မှာ သတင်းတစ်ခုထုတ်ပြန်လာပါတယ်။ ဂန်ဝန်ဒို အရပ်ဒေသမှာရှိတဲ့ တောင်တစ်တောင် တောမီးလောက်မှုကြောင့် ပြည်သူများ တတ်နိုင်သမျှ ဘေးကင်းရာကို ရှောင်ပြေးကြဖို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဂန်ဝန်ဒို အရပ်မှာ နေထိုင်တဲ့ပြည်သူတွေပြောကြားချက်အရ တောမီးဟာ နှစ်တိုင်းလောင်လေ့ရှိပြီး မြို့ထဲထိကူးလာလေ့မရှိပါဘူး တောထဲမှာသာပြီးသွားလေ့ရှိတယ် လို့ပြေားထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတောမီးဟာ အရင်နှစ်တွေကထက် ပိုကြီးပြီး အပူချိန်ပိုများလာကြောင်းတွေ့ရှိပါတယ်။ လေတိုက်နှုန်းကလဲ ယခင်ကထက်ပိုမြန်တာကြောင့် တောမီးတွေဟာ ကူးစက်မှု ပိုမို မြန်ဆန်လာပြီး ဂန်ဝန်ဒိုအရပ်မှာရှိတဲ့ လူနေအိမ်တွေကိုပါ ဝါးမြို လောင်ကျွမ်းလာပါတော့တယ်။

ဒါဟာ အရေးပေါ်အခြေအနေဖြစ်ပွားသွားခဲ့ပြီး ဂန်ဝန်ဒိုအနီးအနားမှာရှိတဲ့ ဂိုဆုန်း၊ ဆော့ချို၊ ဂန်ရန်း၊ ဒုံဟဲ နဲ့ အင်ဂျေး ဒေသများမှာ လူနေအိမ်တွေ တော်တော်များများ မီးဘေးဒဏ်သင့်ခဲ့ကြပါတယ်။ တောင်ကိုးရီးယား အစိုးရအနေနဲ့ ဒါဟာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အတွက် နစ်နာသူ ဒေသခံပြည်သူများကို အတတ်နိုင်ဆုံး ပြန်လည်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဂန်ဝန်ဒို အရပ်ကို မီးသတ်သမားများ ၊ ရဲ၊ စစ်အင်အားသုံးပြီး ငြိမ်းသတ်နေကြပြီဖြစ်ပါတယ်။ မနက် ၇နာရီခွဲ ကိုးရီးယားအစိုးရ သတင်းထုတ်ပြန်ချက်အရ လူနေအိမ်ခြေပေါင်း ၁၂၅ အိမ် မီးထဲပါသွားခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှ လူမှုရေးပရဟိတအဖွဲ့များကလဲ ဒဏ်ရာရပြည်သူများကို လာရောက်ကူညီသွားမယ်လို့သိရပါတယ်။

(ပိုပိုလေး)
 



Follow us on