1. Home
  2. International News

ကျွမ်းဘားပြိုင်ပွဲမှာ မတော်တဆမှုဖြစ်ပြီး ခြေနှစ်ဖက်လုံး သွင်သွင်ကျိုး (ရုပ်သံ)

International News เม.ย. 10, 2562 view 1,761
ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Baton Rouge Regional NCAA ကျွမ်းဘားပြိုင်ပွဲမှာ ကျွမ်းဘားမယ်တစ်ဦး အလှပြ အမြင့်ခုန်ရာမှ ပြန်အကျတွင် အခန့်မသင့်ပဲ ဒူးမှစပြီး ခြေထောက်နှစ်ဖက်စလုံးကျိုးသွားခဲ့သည့် ထိတ်လန့်စရာကောင်းတဲ့ ရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့သည်။
 
 
အသက် ၂၂ နှစ်အရွယ် လေကြောင်းအင်ဂျင်နီယာကျောင်းသူ Samantha Cerio ဟာ လေထဲမှာ ကျွမ်းပစ်ရင် မြေပြင်ပေါ်ပြန်အကျမှ ဒူးဆစ်နှစ်ဖက်လုံး နောက်ပြန်ကျွံဝင်ကျိုးသွားခဲ့ပါတယ်။ ချက်ခြင်းဆိုသလို နည်းပြတွေနဲ့ ဆေးအဖွဲ့တွေ ရောက်လာခဲ့ပါတယ်။
 
 
နောက်ဆက်တွဲသတင်းအရ သူမရဲ့ ခြေထောက်နှစ်ဖက်စလုံး သွင်သွင်ကျိုးခဲ့ပြီး အားကစားလောကကနေ အနည်းဆုံး ၁၈ နှစ်လောက် အနားယူရမယ်လို့ သူမရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
သူမအနေနဲ့ အားကစားဆက်မလုပ်နိုင်တော့သည့်တိုင် ဘိုရင်းလေယာဉ်၊ ဒုံပျံတွေရဲ့ တည်ဆောက်ရေးပိုင်းမှာ လုံခြုံစိတ်ချရတဲ့ ဒီဇိုင်းမျိုးတွေ ဖန်းတီးရေးဆွဲရေးကို လုပ်ကိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
 


Follow us on