1. Home
  2. International News

အဝေးပြေးကားမီးလောင်ပြီး ခရီးသည်များ အသက်လုပြေး (ရုပ်သံ)

International News เม.ย. 11, 2562 view 1,642
နိုင်ငံခြားခရီးသွားဧည့်သည် ၃၀ ကျော် စီးနင်းလိုက်ပါလာသည့် အဝေးပြေးခရီးသည်တင်ကားတစ်စီး မောင်းနှင်နေစဉ် မီးလောင်ကျွမ်းမှုကြောင့် ခရီးသည်များ အသက်လုပြီး ပြေးခဲ့ကြရသည့် ဖြစ်စဉ်တစ်ခု ဧပြီလ ၉ ရက်နေ့က ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
 
 
ထိုင်းနိုင်ငံ ချိုင်းရိုင်မှ ချင်းမိုင်သို့ ပြေးဆွဲသည့် ခရီးသည်တင်ဘတ်စ်ကားဟာ မောင်းနှင်လာစဉ် ညာဘက်နောက်ဘီးမှ မီးခိုးလုံးကြီးများ အူထွက်လာခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့သည်။ မီးလောင်မှုကို ယာဉ်မောင်းဖြစ်သူ အသက် ၅၅ နှစ်အရွယ် Rath Chantamon က စတွေ့ခဲ့ပြီး ကားကိုရပ်ကာ ကားအင်ဂျင်ကို စတင်လောင်နေသောမီးကို ညှိမ်းသတ်ရန် ကြိုးစားခဲ့ပါတယ်။
 
 
ဒါပေမယ့် မီးလောင်အားများလာတဲ့အတွက် ဘတ်စ်ကားပေါ်ပါ ခရီးသည် ၃၉ ဦးကို လွတ်ရာသို့ ရှောင်ပြေးရန် နှိုးဆော်ခဲ့သဖြင့် ခရီးသည်များ ကြောက်လန့်တကြားအော်ဟစ်ကာ အသက်လုပြီး ပြေးခဲ့ရပါတယ်။ ခရီးသည်များအားလုံး ဆင်းပြေပြီးနောက်မှာ ကားတစ်စီးလုံး မီးဟုန်းဟုန်းတောက်လောင်ကျွမ်းခဲ့ပါတယ်။
 
 
မီးသတ်ကားများရောက်လာပြီး ဘတ်စ်ကားကို မိနစ် ၄၀ ကြာအောင် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးများနဲ့ မှောင်မဲနေခဲ့ပါတယ်။ ယာဉ်မောင်း၏ အဆိုအရ မီးဘယ်လိုစတင်လောင်တယ်ဆိုတာ မသိရပေမယ့် သူဆင်းကြည့်စဉ်မှာ ဘတ်စ်ကားအောက်ပိုင်းရှိ ခရီးဆောင်သေတ္တာများ ထည့်တဲ့အခန်း မီးလောင်နေပြီး အဲဒီကနေတစ်ဆင့် အင်ဂျင်ကို ကူးစက်သွားကြောင်း သိရှိရသည်။ မီးလောင်မှုနဲ့ ပက်သက်ပြီး ရဲများက ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိသည်။
 


Follow us on