1. Home
  2. International News

ဖိလစ်ပိုင်နိုင်ငံမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့

International News เม.ย. 23, 2562 view 1,587

ပြီခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံမှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးနှစ်ခုထပ်အနည်း ပြိုကျခဲ့လို့ လူ ၁၁ ယောက်ထက် မနည်း သေဆုံးပြီး ၂၄ ယောက် ပျောက်နေတယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးသမားတွေက ရှင်သန်ကျန်ရစ်သူတွေကို ဒီနေ့ ကယ်ထုတ်နေပြီး ဆေးရုံသို့ပို့ဆောင်ထားပြီး ပြိုကျနေတဲ့ လေးထပ်အဆောက်အဦးထဲမှာ ပိတ်မိနေသူလူအတော်များများ ရှိနေတယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက်က ဖိလစ်ပိုင်မြောက်ပိုင်းက လူဇုန်ကျွန်းမကြီးပေါ်မှာ ငလျင်လှုပ်ခဲ့အပြီး မြို့တော် မနီလာနဲ့ တခြားပြည်နယ် အတော်များများမှာ ငလျင်ဒဏ်ကို ခံစားခဲ့ရပါတယ်။

ဇမ်ဘာလက်စ်ခရိုင် ကတ်စ်တီလယ်ဟို့စ်မြို့ အနောက်မြောက်ပိုင်းနား မြေအောက်အနက် ၈ မိုင်ကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာလို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဌာနက ပြောပါတယ်။

 



Follow us on