ဧပြီလ ၂၂ ရက် တနင်္လာနေ့က ဖိလစ်ပိုင်နိုင်ငံတွင် အင်အား ၆.၁ ရစ်ခ်ျတာစကေး ရှိတဲ့ ငလျှင်လှုပ်ခဲ့တာကြောင့် မနီလာမြို့ ဘီနွန်ဒိုစီရင်စုရှိ အထပ်မြင့်မိုးမျှော်တိုက် အဆောက်အအုံကြီးတစ်ခုလုံး ယိမ်းထိုးနေပြီး ခေါင်းမိုးထပ်ရှိ ရေကူးကန်မှ ရေများ ဒလဟော ဖိတ်လျှံကျခဲ့မှုကြောင့် အထိတ်တလန့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပါတယ်။
>> Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<
အဆိုပါနေရမှာ ငလျှင်လှုပ်ခဲ့တဲ့ ဗဟိုချက်နဲ့ မိုင် ၅၀ အကွာမှာရှိတဲ့ စီးပွားရေးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ ငလျှင်ကြောင့် အနည်းဆုံးလူ ၁၁ ဦးသေဆုံးခဲ့ပြီး လူ ၃၀ ခန့် ပြိုကျပျက်ဆီးမှုများအောက်မှာ ပိတ်မိနေနိုင်ကြောင်း CNN ဖိလစ်ပိုင်မှ သတင်းထုတ်ပြန်ထားပါတယ်။
ရုပ်သံများတွင် မိုးမျှော်တိုက်ပေါ်က ရေများဖိတ်လျှံကျလာပြီး အဆောက်အအုံထဲမှလူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြတာကို တွေ့မြင်ရပါတယ်။