1. Home
  2. International News

သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၃၂၀ ကျော်သေဆုံးမှုဟာ အိုက်အက်စ်တို့က သူတို့လက်ချက်ဖြစ်ကြောင်း ကြေညာ

International News เม.ย. 24, 2562 view 1,634

ပြီးခဲ့တဲ့ ရက်က သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်းတွေနဲ ဟိုတယ်တွေကို အဓိက တိုက်ခိုက်ပြီး လူပေါင်း ၃၂၀ ကျော် သေဆုံးခဲ့ပါတယ်။ အဆိုပါ အသေခံဗုံးခွဲမှုတွေလုပ်ဆောင်ခဲ့တာဟာ အိုင်အက်စ် အဖွဲ့ ရဲ လက်ချက်ဖြစ်တယ်လို့ အိုင်အက်စ်တို့ က ကြေညာခဲ့ပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေ တည်းခိုရာ အဆင့်မြင့်ဟိုတယ်ကြီး သုံးခုနဲ့အီစတာပွဲတော် ကျင်းပနေရာ ဘုရားရှိခိုးကျောင်းသုံးကျောင်းကိုတစ်ပြိုင်တည်း ဗုံးဖောက်ခွဲမှုတွေ ဖြစ်ခဲ့ပြီးနောက်မှာ အိုင်အက်စ်အဖွဲ့ကဓာတ်ပုံနဲ့ ဗီဒီယိုတွေနဲ့အတူ ကြေညာလာခဲ့တာပါ။

ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လက နယူးဇီလန်မှာ ဖြစ်ပွားတဲ့ လူ ၅ဝ သေဆုံးခဲ့တဲ့ ဗလီနှစ်ခု တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ကလဲ့စားချေတာဖြစ်ကြောင်းစုံစမ်းစစ်ဆေးမှုအရ တွေ့ရှိတယ်လို့ သီရိနလင်္ကာအစိုးရက ပြောပါတယ်။

>>  Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ <<

 “အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဝင်တွေနဲ့ ခရစ်ယာန်တွေကိုပစ်မှတ်ပြီး ဒီ တိုက်ခိုက်မှုတွေကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေလုပ်ဆောင်ခဲ့တယ်။”လို့ အိုင်အက်စ်ရဲ့ ၀ါဒဖြန့်သတင်းဌာန Amaq က စွပ်စွဲချက်ကို ထုတ်ပြန်ခဲ့တာပါတယ်။



Follow us on