1. Home
  2. International News

ကာကွယ်ရေးမှ အကြီးအကဲများ နှုတ်ထွက်ပေးရန် သိရီလင်္ကာသမ္မတ တောင်းဆို

International News เม.ย. 25, 2562 view 1,525
သီရိလင်္ကာနိုင်ငံတွင် ဧပြီလ ၂၁ ရက်နေ့ အသေခံဗုံးများ အကြမ်းဖက်ဖောက်ခွဲခံခဲ့ရမှုများနဲ့ ပက်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌါနမှ အတွင်းရေးမှုး နဲ့ ရဲမှူးကြီးတို့အား လုံခြုံရေးအားနည်း ပေါ့လျော့မှုတို့အတွက် ရာထူးကနေ နှုတ်ထွက်ပေးဖို့ သီရိလင်္ကာသမ္မတ က တောင်းဆိုလိုက်ပါတယ်။ 
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
သီရိလင်္ကာသမ္မတ Maithripala Sirisena (အလယ်)
 
သမ္မတဖြစ်သူ Maithripala Sirisena ရဲ့ ပြောကြားချက်အရ တာဝန်ရှိထိပ်ပိုင်းအရာရှိကြီးတွေအနေနဲ့ ရရှိထားတဲ့သတင်းကို သူ့ထံတင်ပြရန် ပျက်ကွက်ခဲ့ပြီး လုံခြုံရေးအရ လိုအပ်တဲ့ ကြိုတင်ကာကွယ်တားဆီးမှုတွေ လုပ်ဆောင်ဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။
 
ယခုလို အသေခံဗုံးခွဲတိုက်ခိုက်မည့် သတင်းကို မဖြစ်ပွားမီ ၁၀ ရက် ကြိုတင်ကာ စစ်ထောက်လှမ်းရေးက သတင်းရခဲ့ပေမယ့် အထက်ကို အဆင့်ဆင့်တင်ပြခဲ့ခြင်းမရှိပါဘူး။ ဒီအတွက် နိုင်ငံ့လုံခြုံရေးအတွက် တာဝန်ယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ဦးကို ချက်ခြင်း ရာထူးမှနှုတ်ထွက်စေရန်နှင့် လစ်လပ်သွားတဲ့ သူတို့ရဲ့ရာထူးနေရာများကို ၂၄ နာရီအတွင်း အသစ်ထပ်မံခန့်အပ်ရန် ညွှန်ကြားလိုက်ပါတယ်။
 
ဒါ့အပြင် သမ္မတက အချို့သောစစ်ထောက်လှမ်းရေးအရာရှိတွေဟာ သတင်းကို ရည်ရွယ်ချက်ရှိရှိ ထိန်ချန်ထားတယ်လို့လည်း ဝန်ကြီးဌါနတွေကို ပြောကြားလိုက်ပါတယ်။
“သတင်းက ရထားပြီးပြီ ဒါပေမယ့် လုံခြုံရေးမှာတာဝန်ရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ကြဘူး။ ဒီတော့ ထောက်လှမ်းရေး ထိပ်ပိုင်းခေါင်းဆောင်တွေကို တစ်ယောက်ယောက်က နောက်ကနေ ကြိုးကိုင်ထားပုံရတယ်” လို့ ပြောပါတယ်။
 
 
အမေရိကန်သံအမတ် Alaina Teplitz
 
သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ်ကြီးကလည်း အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်ပြီးလုပ်သွားဖို့ ရှိနေနိုင်တယ်လို့ ယုံကြည်တဲ့အတွက် တိုင်းပြည်အတွင်းမှာ လူအများစုရုံးသွားလာနိုင်တဲ့နေရာမျိုးတွေကို သတိထားဖို့ သတိပေးပြောကြားလိုက်ပါတယ်။
 
 
ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene
 
ကာကွယ်ရေးဝန်ကြီး “Ruwan Wijewardene” ကလည်း ပြည်သူတွေအနေနဲ့ နိုးနိုးကြားကြားရှိကြပါလို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ပြောကြားခဲ့ပြီး အခြေအနေတွေကို အပြည့်အဝထိန်းချုပ်လို့ မရသေးကြောင်း ဝန်ခံသွားခဲ့ပါတယ်။ 
လက်ရှိမှာ ဖောက်ခွဲမှုနဲ့ ဆက်စပ်တယ်လို့ ယူဆထားတဲ့ သီရိလင်္ကာနိုင်ငံသား ၆၀ လောက်ကို ဖမ်းဆီးထားပြီး ၃၉ ယောက်ကို စစ်ကြောရေးလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲရေးတွေကို ဦးဆောင်တဲ့ ခေါင်းဆောင်ဟာ ရှန်ဂရီလာဟိုတယ်မှာ အသေခံဖောက်ခွဲရင်း သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် နာမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။


Follow us on