1. Home
  2. International News

ခရီးသည်တင်လေယာဉ် မိုကြိုးထိမှန်ပြီး မီးလောင်လျှက် အရေးပေါ်ဆင်းသက် (ရုပ်သံ)

International News พ.ค. 06, 2562 view 1,653
ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်သို့ ခရီးသည်တင် ဂျက်လေယာဉ်တစ်စီး မီးစွဲလောင်လျှက် အရေးပေါ်ဆင်းသက်ခဲ့မှုတစ်ခု မေလ ၅ ရက်နေ့က ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် အနည်းဆုံးခရီးသည် ၄၁ ဦး သေဆုံးခဲ့ပြီး ခရီးသည်အတော်များများ ဒဏ်ရာရရှိကာ မီးလောင်နေသောလေယာဉ်ပေါ်မှ အသက်လုပြီး ဆင်းပြေခဲ့ရသည့် ရုပ်သံများ ထွက်ပေါ်လာခဲ့သည်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
 
Sukhoi Superjet 100 ဟာ မော်စကိုနိုင်ငံ Shremetyevo လေဆိပ်မှ ညနေ ၆ နာရီအချိန်တွင်  ပျံသန်းထွက်ခွာခဲ့ပြီး သိပ်မကြာမီမှာ မိုးကြိုးထိမှန်ခဲ့သဖြင့် လေယာဉ်၏ စက်ပိုင်းဆိုင်ရာ ထိခိုက်သွားခဲ့ပြီး လေဆိပ်သို့ပြန်လည်ဆင်းသက်ရန် ကြိုးစားခဲ့ရာမှာ မီးအကြီးကျယ်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
 
 
ရုပ်သံများအရ အရှိန်အဟုန်ပြင်းစွာ မီးစွဲလောင်နေသော ဂျက်လေယာဉ်ကြီး ပြေးလမ်းတစ်လျှောက် မီးတန်းကြီးနဲ့ ဆင်းသက်ခဲ့တာကိုတွေ့ရပါတယ်။ လေယာဉ်ရပ်တန့်သွားချိန်မှာ အရေးပေါ်တံခါးပေါက်များမှ ခရီးသည်များ ဆင်းလာပြီး ဘေးလွတ်ရာသို့ သေပြေးရှင်ပြေး ထွက်ပြေးခဲ့တာကိုတွေ့ရပါတယ်။
 
 
လေယာဉ်ပေါ်တွင် ခရီးသည် ၇၈ ဦး ပါရှိပြီး ၃၇ ဦးသာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ခရီးသည်အများစုဟာ လေယာဉ်ရဲ့ နောက်ဘက်ပိုင်းမှဖြစ်ပြီး မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ ဒဏ်ရာရသူများထဲမှ အချို့မှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း ရုရှားထောက်လှမ်းရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
 
 
 
Aeroflot လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် SU 1492 ဟာ ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Murmansk သို့ ပျံသန်းစဉ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ ရုရှားသမ္မတ ဘလာဒီမာပူတင် က ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
 


Follow us on