1. Home
  2. International News

သတင်းမှားဖြန့်ချိပါက ထောင်ဒဏ် ၁၀ နှစ်ကျခံရမည့် ဥပဒေ စင်ကာပူ ခွင့်ပြုပြီ

International News พ.ค. 10, 2562 view 1,698
အွန်လိုင်းပေါ်မှတစ်ဆင့် သတင်းမှားများ၊ အမုန်းပွားစေသော ရေးသားပြောဆိုမှုများ ပြုလုပ်ပါက ထောင်ဒဏ် ၁၀ နှစ်ထိ အပြစ်ပေးနိုင်သော ဥပဒေချမှတ်ရန် သက်ဆိုင်ရာ စင်ကာပူ အာဏာပိုင်တွေက ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။
အဆိုပါဥပဒေဟာနယ်ပယ်အသီးသီးက အခွင့်အရေး လှုပ်ရှားသော အဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများနဲ့ သတင်းသမားတို့၏ လွတ်လပ်စွာပြောဆိုမှုကို ခြိမ်းခြောက်နေကြောင်း ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။
 
အွန်လိုင်းပေါ်တွင် သတင်းအမှားများ ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် အစိုးရအနေနှင့် သတင်းမှားဟု ယူဆရသော အကြောင်းရာများကို ငွေဒဏ်ရော ထောင်ဒဏ်ပါ အပြစ်ပေးနိုင်ရန် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။
 
ယင်းဥပဒေအသက်ဝင်ပြီဆိုပါက သတင်းမှားဟု ယူဆရသော အကြောင်းအရာ ဖြစ်ပေါ်လာသည့် နည်းပညာကုမ္ပဏီများကို အစိုးရအနေနဲ့ ထိုအကြောင်းအရာကို အွန်လိုင်းပေါ်မှ ချက်ခြင်းဖြုတ်ချရန်/ဖယ်ရှားပစ်ရန် သတိပေးမှာဖြစ်သလို ပြစ်ဒဏ်အနေနဲ့ အမြင့်ဆုံးငွေဒဏ်အဖြစ် စင်ကာပူဒေါ်လာ ၁ သန်း နဲ့ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်မှာဖြစ်ပါတယ်။
 
အသစ်ရေးဆွဲသည့် ဥပဒေဟာ လူတွေကို သတင်းအမှားနောက် လိုက်သွားမယ့်အရေးကနေ ကာကွယ်တာဖြစ်ကြောင်း နိုင်ငံရေးသမားတွေက ပြောဆိုကြပေမယ့် စည်းရုံးလှုံ့ဆော်ရေးသမားတွေကတော့ ဒီဥပဒေဟာ အစိုးရကို အစွန်းစွန်ဆုံးထိ အမြင့်ဆုံး လုပ်ပိုင်ခွင့်အာဏာပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
 
အာရှလူအခွင့်အရေးစောင့်ကြည့်အဖွဲ့ ဒါရိုက်တာ Phil Robertson က “ဥပဒေသစ်ဟာ အွန်လိုင်းသုံးနေကြတဲ့ သာမန်စင်ကာပူပြည်သူတွေ အတွက်တောင်မှ တစ်ကယ့်ကပ်ဆိုးကြီးပဲ ဒါ့အပြင် အွန်လိုင်းသတင်းဌါနတွေရဲ့ လွက်လပ်စွာရပ်တည်ချက်ကို ဆန့်ကျင်ထုရိုက်လိုက်တာပဲ” လို့ မှတ်ချက်ပေးပါတယ်။
 
စင်ကာပူခေါင်းဆောင်တွေအနေနဲ့ ထုဆစ်လိုက်တဲ့ ဥပဒေဟာ အရှေ့တောင်အာရှရဲ့ အင်တာနက်လွပ်လပ်ခွင့်ကို ကျောချမ်းစရာကောင်းလောက်အောင် သက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ် ပြီးတော့ သတင်းအချက်လက်ဆိုင်ရာ စစ်ပွဲ အသစ်ကို စတင်လိုက်တာနဲ့လည်း တူနေပါတယ်၊ ဒါ့အပြင် ကျယ်ပြောလှတဲ့ ကမ္ဘာကြီးကို သူတို့ရဲ့ ကျဉ်းမြောင်းတဲ့အမြင်ကို လှစ်ဟပြလိုက်တာပါပဲ” ဟု သည်ဂါးဒီးယန်း သတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 
ဒီဥပဒေဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ နည်းပညာဆုံချက်ဖြစ်ချင်တဲ့ စင်ကာပူရဲ့ ရည်မှန်းချက်ကို အကြီးကျယ်ထိခိုက်စေနိုင်တယ်လို့ ဂူဂယ်လ်ကလည်း သတိပေးလိုက်ပါတယ်။
“ကျနော်တို့နဲ့ ပက်သက်နေတဲ့ ဒီဥပဒေဟာ ဒီဂျစ်တယ် သတင်းအချက်လက် နည်းပညာတီထွင်စမ်းသစ် ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေတယ်” လို့ ဂူဂယ်လ်က ရိုက်တာသတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 
ဖေ့စ်ဘွခ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဒုဥက္ကဋ္ဌ Simon Milner က “ဒီဥပေဒသဘောအရဆိုရင် စင်ကာပူမှာရှိတဲ့ ဖေ့စ်ဘွခ်ရုံးခွဲက အစိုးရအနေနဲ့ သတင်းတုလို့ ယူဆတဲ့အကြောင်းအရာတွေကို ကျနော်တို့ကို အတင်းအကျပ်ဖျက်ချခိုင်းပြီး အစိုးရက အသုံးပြုတဲ့သူကို အကြောင်းကြားစာ ပေးပို့ခိုင်းသလို ဖြစ်နေတယ်” လို့ ပြောကြားခဲ့ပါတယ်။
 
ယခုလို ပြန်လည်ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ဥပဒေရေးရာဝန်ကြီး K. Shanmugam က “လွပ်လပ်စွာ ပြောဆိုခွင့်တွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ကျနော်တို့ပြောနေတာ သတင်းမှားဖြန့်တဲ့ ကိစ္စပါ၊ အကောင့်တုတွေနဲ့ သရော်တာတွေကို ဆိုလိုတာပါ” ဟု ပြန်လည် ရှင်းလင်းခဲ့ပါတယ်။
 
လက်တလောမှာတော့ ဒီဥပဒေပြဌါန်းဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပြီး ဘယ်အချိန်မှာ စတင်အသက်ဝင်ကျင့်သုံးမယ်ဆိုတာကိုတော့ မသိရှိရသေးပါ။


Follow us on