1. Home
  2. International News

ပင်မလေဆိပ် ၃ ခုကို ချိပ်ဆက်နိုင်မည့် မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မည်

International News พ.ค. 14, 2562 view 1,518
ထိုင်းနိုင်ငံ၏ အချမ်းသာဆုံး ထိပ်တန်း သူဌေးပိုင် Charoen Pokphand Group(CP) နှင့် အခြားကုမ္ပဏီ ၁၂ ခုတို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံကုန်ကျမည့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းကို မကြာမီ တည်ဆောက်တော့မည်ဖြစ်သည်။ 
အဆိုပါရထားလမ်းဟာ ထိုင်းနိုင်ငံ၏ ပင်မလေဆိပ် ၃ ခုကိုချိပ်ဆက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့က မေလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
 
စီမံကိန်း၏ ကော်မတီဥက္ကဋ္ဌအနေနနဲ့ ထိုင်းဝန်ကြီးချုပ် ‘ဖရာရွတ်ချန်အိုချာ’ က ဦးဆောင်ကာ အစိုးရ၏ ရင်းနှီးမြုတ်နှံမှု နည်းနည်းနဲ့ လုပ်ငန်းအကောင်အထည်ဖော်နိုင်အောင် ပုဂ္ဂလိကလုပ်ငန်းရှင်များကို ရှယ်ယာဖိတ်ခေါ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Eastern Economic Corridor Policy (EEC) ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ရထားလမ်းဟာ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ် သုဝဏ္ဏဘုမိ၊ စရိတ်နည်းလေကြောင်းလိုင်းများ ဆိုက်ရာ ဒိုမောင်းလေဆိပ်နှင့် ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ အူတက်ပိုလေဆိပ် တို့ကို ချိပ်ဆက်ထားမှာဖြစ်ပါတယ်။
 
Mr Dhanin Chearavanont
 
တည်ဆောက်ရေးစီမံကိန်းကာလကို ၅ နှစ်သတ်မှတ်ထားပြီး ဖက်စပ်လုပ်ပိုင်ခွင့်သက်တမ်းကို ၄၅ နှစ် သတ်မှတ်ထားကြောင်း EEC က ထုတ်ပြန်ထားပါတယ်။ ဒီစီမံကိန်းတည်ဆောက်ရေးကို ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် Dhanin Chearavanont (အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံပိုင်ဆိုင်သူ) ရဲ့ CP ကုမ္ပဏီက ဦးဆောင် တည်ဆောက်သွားမှာဖြစ်ပါတယ်။
 
CP မှာ ရထားလမ်းတည်ဆောက်ရေး ပညာရှင်တွေ မရှိပေမယ့် သူနဲ့လက်တွဲမယ့် ကုမ္ပဏီတွေအနေနဲ့ တရုပ်နိုင်ငံက ရထားလမ်းတည်ဆောက်ရေး CITIC Group၊ တောင်ကိုရီးယားက Hyundai၊ ဂျာမဏီက Siemens၊ အီတလီထိုင်းဖက်စပ်အပြင် အပြည်ပြည်ဆိုင်ရာ ချိပ်ဆက်ထားတဲ့ ဂျပန်ဘဏ်တို့ နဲ့ လက်တွဲမှာသွားဖြစ်ကြောင်း သိရှိရပါတယ်။


Follow us on