မေလ ၁၆ ရက်(ယနေ့) နေ့လည်ပိုင်းက ရှန်းဟိုင်းမြို့လည်ရှိ မာစီးဒီးကား အရောင်းပြခန်းအား ပြန်လည်ပြုပြင်မှုများ ပြုလုပ်နေစဉ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး လက်ရှိအခြေနေမှာ လူ ၁၇ ဦးကို ကယ်ထုတ်ပေးနိုင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ရှန်ဟိုင်းမြို့ 148 Zhaohua Road တွင် တည်ရှိတဲ့ မာစီဒီးဘန့်ဇ် အရောင်းပြခန်းဟာ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ပြိုကျခဲ့တာဖြစ်ပါတယ်။ မီးသတ်သမား အယောက် ၁၅၀ ကျော် ဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ခြင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဆောက်လုပ်ရေးအလုပ်သမားအချို့ အဆောက်အဦးပျက်တွေကြားမှာ ညပ်နေတာကို ကူညီကယ်ထုတ်ခဲ့ကြပါတယ်။
ယနေ့နေ့လည် ၂ နာရီ ၄၅ မိနစ်လောက်မှာ အလုပ်သမား ၁၇ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံပို့ပေးခဲ့ပြပါတယ်။ အဆောက်အဦအောက်မှာ ကျန်နေတဲ့ အလုပ်သမား အရေအတွက်အတိအကျကိုတော့ မသိနိုင်သေးပါဘူး။