1. Home
  2. International News

ဟွားဝေကုမ္ပဏီကို အမေရိကန်က အမည်ပျက်စာရင်းသွင်း

International News พ.ค. 17, 2562 view 1,516
ကမ္ဘာ့အကြီးဆုံး တရုတ်ပိုင် ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီ ဟွားဝေ(Huawei) ကို အမေရိကန်က အမည်ပျက်စာရင်းသွင်းလိုက်သည့်အပေါ် ပြန်လည်တုံ့ပြန်မှုများ လုပ်သွားမည်ဖြစ်ကြောင်း တရုပ်စီးပွားရေးလုပ်ငန်းများဆိုင်ရာ အခွင့်အရေးကာကွယ်မှုအဖွဲ့အစည်းက ပြောကြားလိုက်သည်။
 
နိုင်ငံတော်၏ လုံခြုံရေးအရ ဟွားဝေ ကုမ္ပဏီမှ ထုတ်လုပ်သည့် တယ်လီကွန်းဆက်သွယ်ရေး ပစ္စည်းများကို အသုံးပြုခွင့်မပြုကြောင်း မေလ ၁၅ ရက် ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး အတည်ပြုကန့်သတ်လိုက်ခြင်းဖြစ်သည်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
ယခုကဲ့သို့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးတင်းမာမှုဟာ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ယက် နည်းပညာ 5G ထွန်းကားလာဖို့ နှောင့်နှေးမှာဖြစ်သလို အမေရိကန်နိုင်ငံထဲက နည်းပညာစီးပွားရေးလုပ်ငန်းတွေကိုလည်း ထိခိုက်နစ်နာစရာရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
 
အမေရိကန် စီးပွားရေးဌါနက ထုတ်ပြန်လိုက်တဲ့ လိုက်နာရမည့်အချက်တွေထဲမှာ ဟွာဝေး ကုမ္ပဏီနဲ့ ချိပ်ဆက်နေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၂ ဒါဇင်ကျော်က ကုမ္ပဏီပေါင်း ၇၀ ကိုလည်း စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းထားပြီး အမေရိကန်ကုမ္ပဏီတွေဆီက အစိတ်အပိုင်းတွေကို အမေရိကန်အစိုးရ မသိပဲ ဝယ်ယူခွင့်မရှိ ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။
 
အခုလို စီးပွားရေး ကုန်သွယ်မှုမှာ တားဆီးပိတ်ပင်တာတွေ လုပ်လိုက်လို့ အမေရိကန်နိုင်ငံ ပိုပြီးကြွယ်ဝလာမှာ မဟုတ်တဲ့အပြင် ကန့်သတ်ချက်ကြောင့် အခြေအနေနိမ့်ကျသွားနိုင်သလို အခြားနည်းလမ်းတွေကို ပြောင်းသုံးရမှာဖြစ်လို့ ပိုပြီး ကုန်ကျစရိတ်များလာနိုင်စရာရှိတယ်လို့ ဟွားဝေ က ဆိုပါတယ်။
 
ဟွားဝေရဲ့ ဆက်သွယ်ရေးနည်းပညာ အထောက်အကူပြုပစ္စည်းတွေဟာ အမေရိကန်နိုင်ငံကို လျှို့ဝှက်စောင့်ကြည့်နိုင်တယ်လို့ စွပ်စွဲထားပေမယ့် ဒီကိစ္စဟာ လုံးဝမဟုတ်ကြောင်း ဟွားဝေ က ငြင်းပယ်ထားပါတယ်။
အမေရိကန်ဟာ နည်းပညာပိုင်းမှာ အသာစီးရလိုတာနဲ့ မျှမျှတတယှဉ်ပြိုင်ရမယ့်အစား နိုင်ငံတော် လုံခြုံရေးအကြောင်းပြပြီး တရုတ်နည်းပညာကုမ္ပဏီကြီးကို ဖိနှိပ်လိုက်တာဖြစ်ကြောင်း ဒီလိုလုပ်လိုက်တဲ့အတွက် နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး ကိစ္စတွေမှာ အခက်အခဲ တွေ့စေမှာဖြစ်တယ်လို့ ပက်ကင်းတက္ကသိုလ်က ပရော်ဖက်ဆာ Jia Qingguo က ပြောကြားလိုက်ပါတယ်။
 
ဒီကိစ္စကို တရုတ်ကလည်း ငြိမ်ခံနေမှာမဟုတ်ပဲ တရုတ်ဈေးကွက်ထဲမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေကိုလည်း ကန့်သတ်သွားလိမ့်မယ်လို့ သူ့က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။


Follow us on